သတင်း
စစ်ကောင်စီတပ် စတင်ဝင်ရောက်ချိန်က ဒေသခံ ကာကွယ်ရေးတပ်အချို့က ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှသည့်အပြင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။
Hi, what are you looking for?
စစ်ကောင်စီတပ် စတင်ဝင်ရောက်ချိန်က ဒေသခံ ကာကွယ်ရေးတပ်အချို့က ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှသည့်အပြင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီယာဥ်တန်းကို ယနေ့(မေ ၁၀ ရက်) နံနက် ၅နာရီခန့်ကစ၍ ကျောင်းကုန်းနှင့် အင်းတော်ကြားတွင် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့များမှ နေရာလေးခု ၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
သေဆုံး၊ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို ထီးချိုင့်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်းလည်း မျက်မြင်တွေ့ရှိသူများ၏ အတည်ပြုချက်ကို TR က ကိုးကားသည်။
စစ်ကောင်စီတပ်မှ ၂ဦးသာ ကားထဲမှ ဆင်းနိုင်ခဲ့ပြီး ကျန် ၆ဦးမှာ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် "နောက်တစ်ခါ PDF များကို လက်ခံ အားပေးပါက၊ သင်တန်းဖွင့်ပါက ရွာလုံးကျွတ် ရွှေ့ပြောင်းရမည်" ဟု ပုံ/ထီးချိုင့်မြို့နယ် အုပ်ချုပ်ရေးဟူ၍ စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသည်ဟု ဆိုသည်။
"လက်ရှိ မြေပြင် အချက်အလက်ကို အတိအကျတော့ မသိရသေးဘူး။ဒါပေမယ့် တိုက်လေယာဥ် အသုံးပြုပြီး စစ်ခွေးတွေ မရသိမ်ရွာဘက်ကို ပစ်နေတယ်"ဟု ထီးချိုင့်မြို့ သတင်းထောက်ပို့ ရဲဘော်တစ်ဦးက ပြောသည်။
"ပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတာ။ စစ်ခွေးတွေ သေတာကို ဒီမနက်မှ သိရတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။