Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့တွင် စစ်ကောင်စီ၏ လှည့်ကင်း တိုက်ခိုက်ခံရ ၆ဦးခန့် သေဆုံး

စစ်ကောင်စီတပ်မှ ၂ဦးသာ ကားထဲမှ ဆင်းနိုင်ခဲ့ပြီး ကျန် ၆ဦးမှာ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ အထွက် စစ်ဆေးရေးဂိတ်သို့ ကင်းပတ်လာသည့် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦး သေဆုံးထိခိုက်ခဲ့ကြောင်း ထီးချိုင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၂၃ရက်) ည​နေ ၄နာရီခန့်တွင် မြို့အထွက် စစ်ဆေးရေးဂိတ်သို့ ကင်းပတ်လာသည့် အင်အား ၈ဦးပါ စစ်ကောင်စီတပ်၏ ကားကို ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ပကဖ
ပူးပေါင်းအဖွဲ့မှ မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်မှ ၂ဦးသာ ကားထဲမှ ဆင်းနိုင်ခဲ့ပြီး ကျန် ၆ဦးမှာ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် ပြည်သူ့ရဲဘောများ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်နှင့် စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယခုလအတွင်း ခုခံတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်