Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့ စစ်​ဆေး​ရေးဂိတ် တိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား နှစ်ဦး​သေဟု TR ​ပြော

သေဆုံး၊ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို ထီးချိုင့်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်းလည်း မျက်မြင်တွေ့ရှိသူများ၏ အတည်ပြုချက်ကို TR က ကိုးကားသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့အထွက် ကုက္ကိုကုန်းလမ်းဆုံစစ်ဆေးရေးဂိတ်မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း Tigyaing Revolution -TR က People’s Springသို့ ပြောသည်။

ကုက္ကိုကုန်းလမ်းဆုံစစ်ဆေးရေးဂိတ်ကို ယနေ့ (မတ်လ ၂၆ ရက်)နံနက် ၇နာရီခွဲခန့်က မိုင်းတစ်ကြိမ်ဆွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်သားသုံးဦး ကနဦးဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ဆိုသည်။

“ထီးချိုင့်မြို့ကနေ ထီစချိုင့် တံတားဘက် အတက်ကားတွေကို အဓိကထား တောင်းရမ်းနေတဲ့ဂိတ်။ ဖွင့်ထားတာ နှစ်လလောက်ပဲရှိသေးတယ်။မိုင်းဆွဲချိန်မှာ စခ ၁၀ ကောင်လောက်ရှိတယ်”ဟု TR က ပြောသည်။

Public Service Announcement

ထို့နောက် နံနက် ၉ နာရီ မိနစ် ၂၀တွင် ဖောက်ခွဲရန်ကျန်ရှိသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

သေဆုံး၊ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကို ထီးချိုင့်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်းလည်း မျက်မြင်တွေ့ရှိသူများ၏ အတည်ပြုချက်ကို TR က ကိုးကားသည်။

မတ်လ ၂၁ ရက်ကလည်း ထီးချိုင့် မြို့နယ် နီကယ်စက်ရုံအနီး အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ဆေးဗိုလ်ကြီး တစ်ဦးနှင့် ရဲတပ်သားတစ်ဦး မိုင်းဆွဲခံရပြီးနောက် သေဆုံးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်