Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် ကွင်းကြီးရွာအနီး ယနေ့တိုက်ပွဲဆက်ဖြစ်နေ

ကွင်းကြီးရွာအနီး တောင်ရိုးတွင် ယမန်နေ့ နံနက် က အင်အား ၆၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - PS)

▪️ယမန်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ကိုးဦးသေ၊ သေနတ်နှစ်လက်ရရှိဟုဆို

ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတွင် ယမန်နေ့(ဩဂုတ် ၂၀ရက်)နံနက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော် တစ်ဦးက ပြောသည်။

ကွင်းကြီးရွာအနီး တောင်ရိုးတွင် ယမန်နေ့ နံနက် က အင်အား ၆၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်။

“ကွင်းကြီးတိုက်ပွဲမှာ ကိုးလောင်းရတယ်။ သေနတ်နှစ်လက် ရတယ်။ ကျွန်တော်တို့က စစ်ကြောင်းသုံးခုနဲ့ ညှပ်တိုက်တာ။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ PDFတစ်ယောက် ထိတယ်။ ဒဏ်ရာမပြင်းပါဘူး”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ယမန်နေ့က တိုက်ပွဲသည် နံနက် ၇နာရီခန့်မှစ၍ နေ့လယ် ၁၂နာရီခန့်အထိဖြစ်ခဲ့ခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

KIA၊PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ပိတ်မိနေစဉ် တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။

ယနေ့(ဩဂုတ်၂၁ရက်)နံနက်တွင် တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး စစ်ကောင်စီက ပြည်သူ ၄၀ခန့်ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးထားကာ ကွင်းကြီး၊ ရေထွက်တောနှင့် ကျောက်မှော်ကျေးရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။