သတင်း မြောင်နယ်တွင် ကျေးရွာမီးရှို့ဖျက်ဆီးလာသည့်စစ်တပ်အား ဒေသကာကွယ်ရေးအဖွဲ့များတိုက်ခိုက် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ည ၇ နာရီခန့်တွင် ကျီကုန်းကျေးရွာကို ထပ်မံမီးရှို့နေစဥ် ရှော့တိုက်ဒုန်း သုံးလုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း စုန်းချောင်းရွာကို စစ်တပ်ကစီးနင်းတိုက်ခိုက်၍ ဒေသကာကွယ်ရေးရဲဘော် ၃ ဦး နှင့် ပြည်သူ ၁၁ဦးအသတ်ခံရ စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၁၄ဦးအထိ ရှိကြောင်း ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)ကလည်း ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 21, 2023
သတင်း သပိတ်ကျင်းနယ်တွင် ပျူစောထီးမလုပ်မနေရစေခိုင်းသည့်ရွာအား ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက် ကျေးရွာအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ပျူ သုံးဦး ထိခိုက်ဒဏ်ရာရပြီးထွက်ပြေးသွားခဲ့ကြောင်း ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။ ထို့အပြင် ကင်းကုန်းတွင် ကျန်နေသော ပျူ သုံးဦးအား ဖမ်းဆီးမိခဲ့ပြီး ဆိုင်ကယ်(၅)စီး သိမ်းဆည်းရခဲ့ကြောင်း ၎င်းက ပြောသည်။ LuduNwayOoဇွန် 2, 2023
သတင်း ငါန်းဇွန်တွင် တပ်စွဲရန်လာသော စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက် စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်သို့ ယာဥ်နှစ်စီးဖြင့် ပြောင်းရွှေ့စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ငါန်းဇွန်သတင်းစုံက ဖော်ပြသည်။ LuduNwayOoမေ 30, 2023
သတင်း စစ်ကိုင်းရှိ ပဒူတိုက်နယ်ရဲစခန်းကို ဒေသကာကွယ် ရေးအဖွဲ့များ တိုက်ခိုက် ပဒူရဲစခန်းတိုက်ခိုက်မှုကို 96 Soldiers-PDF နှင့် နယ်မြေခံ ပကဖများ၊ တပ်ရင်းတပ်ဖွဲ့များစုပေါင်း၍ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoမေ 23, 2023
သတင်း မြိုင်တွင် သရက်ကွပျူရွာလာသည့် စစ်အုပ်စုယာဉ် အား ဒေသကာကွယ်ရေးတပ်များ အနီးကပ်ပစ်ခတ်တိုက်ခိုက် ယနေ့ (မေလ ၄ ရက်) နံနက် ၁၀နာရီခန့်က မြိုင်မြို့အနီး စက်မှု(၂)မှ ထွက်လာသော ဖောကားယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ လိုက်ပါလာပြီး လမ်းဘေးတွင် ကင်းပုန်းများချထားလျက် သရက်ကွပျူရွာသို့ ထွက်လာခဲ့သည်။ LuduNwayOoမေ 4, 2023
သတင်း မြိုင်မြို့နယ်တွင် စစ်အုပ်စုအား ဒေသကာကွယ်ရေးအဖွဲ့များ လေးရက်ဆက်တိုက်ခိုက် ဧပြီ ၂၄ ရက် နံနက်ပိုင်းကလည်း မြိုင်(ပကဖ) အဖွဲ့သည် မြိုင်မြို့အတွင်းသို့ဝင်ရောက်ကာ မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoမေ 1, 2023
သတင်း မြိုင်နှင့် ပေါက်မြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်နှင့် ပျူရွာများအား ဒေသကာကွယ်ရေးအဖွဲ့များ ပစ်ခတ်တိုက်ခိုက် ဧပြီ ၂၁ ရက်က မြိုင်မြို့နယ်ရှိ သရက်ကွ ပျူရွာကို ဒေသကာကွယ်ရေးအဖွဲ့များက မွန်းလွဲ ၂ နာရီခန့်က တစ်ကြိမ်၊ ည ၉ နာရီ မိနစ် ၄၀ ခန့်ကတစ်ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 24, 2023
သတင်း မုံရွာ – မန္တလေးလမ်းပိုင်း စစ်ဆေးငွေတောင်းခံနေသော စစ်အုပ်စုအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoမတ် 27, 2023
သတင်း စစ်ကိုင်း၊ အရာတော်နှင့် ဝက်လက်နယ်တို့တွင် စစ်အုပ်စုအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် " ကားလမ်းပေါ် မိုင်းရှင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်သား သုံးဦး ရှေ့ကိုကျွံထွက်လာပြီး မိုင်းကွင်းပေါ်ရောက်လာချိန် ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သုံးဦးလုံးသေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။ LuduNwayOoမတ် 24, 2023