Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနယ်တွင် ပျူစောထီးမလုပ်မနေရစေခိုင်းသည့်ရွာအား ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

ကျေးရွာအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ပျူ သုံးဦး ထိခိုက်ဒဏ်ရာရပြီးထွက်ပြေးသွားခဲ့ကြောင်း ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။ ထို့အပြင် ကင်းကုန်းတွင် ကျန်နေသော ပျူ သုံးဦးအား ဖမ်းဆီးမိခဲ့ပြီး ဆိုင်ကယ်(၅)စီး သိမ်းဆည်းရခဲ့ကြောင်း ၎င်းက ပြောသည်။

(သိမ်းဆည်းရမိခဲ့သော လက်နယ်ခဲယမ်းအချို့နှင့် ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဗိုလ်လင်းယုန်)
(သိမ်းဆည်းရမိခဲ့သော လက်နယ်ခဲယမ်းအချို့နှင့် ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဗိုလ်လင်းယုန်)

▪️ပျူသုံးဦးအား ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း‌၊ သပိတ်ကျင်းမြို့နယ်တွင် ရွာသားများအား ပျူစောထီးမ​လုပ်မနေရ စေခိုင်းနေသည့် ပုဏ္ဏားကြီး(ပျူ)ကျေးရွာအား ဝင်ရောက်တိုက်ခိုက်ရာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းနိုင်ခဲ့ပြီး ပျူသုံးဦးအား ဖမ်းဆီးမိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်(ပကဖ)၊ ဗိုလ်လင်းယုန်တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ယမန်နေ့ (ဇွန်လ ၁ရက်)က ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် သပိတ်ကျင်းမြို့နယ်၊ ပုဏ္ဏားကြီး(ပျူစောထီး)ရွာအား ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်ခဲ့သည်။

အဆိုပါ ကျေးရွာအား ဒရုန်းဖြင့် ဗုံးသီးတစ်လုံးကြဲချတိုက်ခိုက်ပြီး မြေပြင်မှ တပ်ဖွဲ့ နှစ်ဖွဲ့ခွဲ၍ ရွာအတွင်း ဝင်ရောက်ခဲ့ခြင်းဟု ဆိုသည်။

ကျေးရွာအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ ပျူ သုံးဦး ထိခိုက်ဒဏ်ရာရပြီးထွက်ပြေးသွားခဲ့ကြောင်း ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။ ထို့အပြင် ကင်းကုန်းတွင် ကျန်နေသော ပျူ သုံးဦးအား ဖမ်းဆီးမိခဲ့ပြီး ဆိုင်ကယ်(၅)စီး သိမ်းဆည်းရခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မီးရှို့တာတွေ မလုပ်ခဲ့ပါဘူး။ ဖမ်းဆီးလာတဲ့ သုံးယောက်ကိုတော့ စစ်ဆေးနေပါတယ်။ အဲရွာကပျူတွေက မြစ်ဘေးမှာ သစ်ဖောင်၊ ဝါးဖောင်တွေကို ပိုက်ဆံတောင်းတယ်။ အေးချမ်းစွာနေချင်တဲ့ ရွာသားတွေကိုလည်း ပျူစောထီးမလုပ်မနေရဆိုပြီး ဖိအားပေးခိုင်းစေတာတွေရှိပါတယ်။”ဟု ဗိုလ်ဇီးရိုးဝမ်းက ပြောသည်။

ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေခဲ့ရာ ပျူစာရင်းစာအုပ်၊ တူမီး(၂)လက်၊ တူမီး ယမ်းဆက်စပ်ပစ္စည်းများ၊ လက်လုပ်တစ်တောင့်ထိုး (၂)လက်၊7.62ကျည်၊ ကျည်ဘောက်၊ (၁၂၀)မမ ပို့ယမ်း၊ ဓားနှစ်လက် အစရှိသည့်ပစ္စည်းများသိမ်း ဆည်းရရှိခဲ့ကြောင်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အဖွဲ့များက အသိပေးသည်။

ပုဏ္ဏားကြီးရွာအနေဖြင့် ပျူရွာအဖြစ် ဆက်လက်လုပ်ဆောင်နေပါက နောက်တစ်ကြိမ်တွင် ယခုထပ်ပို၍ ရှင်းလင်းခြင်းများ လုပ်ဆောင်သွားမည်ဟု ဗိုလ်လင်းယုန်တပ်ဖွဲ့က သတိပေးသည်။

စစ်ဆင်ရေးအား ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ဇင်‌ယော် PDF တပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့နှင့် Northern Tigers Group တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဗိုလ်လင်းယုန်တပ်ဖွဲ့သည် ပုဏ္ဏားကြီးရွာအား ၂၀၂၂ ဒီဇင်ဘာ ၂၄ ရက်ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

Facebook