Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်တွင် တပ်စွဲရန်လာသော စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်သို့ ယာဥ်နှစ်စီးဖြင့် ပြောင်းရွှေ့စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ငါန်းဇွန်သတင်းစုံက ဖော်ပြသည်။

(စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မန္တလေးမြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မန္တလေးမြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ တပ်စွဲရန်လာရောက်သော စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။

မေလ ၂၇ ရက် ည ၁၀နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ကုန်းလည်ရွာနှင့် နတ်ကြီးကျေးရွာကြားတွင် အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်၏ စစ်ကား သုံးစီးကို ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး ပဒေသာမိုင်း ၁၅လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း MN PDFက သတင်းထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်သား နှစ်ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း MN PDFက ဆိုသည်။

“ကုန်းလည်မှာ ကင်းရှိမယ်။ ကုန်းလည်ကနေ နတ်ကြီးကိုကူးတာ။ အထိုင်ချဖို့ သားကျင်ရွာကိုတပ်ရွှေ့တာ။ စာသင်တိုက်တစ်တိုက်မှာ တပ်စွဲဖို့လုပ်တော့ စာသင်တိုက်က တံခါးကိုတော်တော်နဲ့ဖွင့်မပေးတော့ ဒေါကန်လာတဲ့အရှိန်နဲ့ သေနတ်တွေပစ်ဖောက်တယ်။နာရီဝက်လောက် စောင့်လိုက်ရတယ်ပြောတယ်။”ဟု ငါန်းဇွန်နယ်အခြေစိုက် TGYR အဖွဲ့ တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရခဲ့သည့် စစ်သားများကို ညတွင်းချင်း ငါန်းဇွန်မြို့သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Public Service Announcement
Public Service Announcement

“ဖောကားတစ်စီး ထွေလာတစ်စီး ဟိုက်ဂျက်တစ်စီး စုစုပေါင်း သုံးစီးပါဗျ။ ကုလားရွာကြီး မှာ တပ်စွဲထားပြီး ငါးဇွန်နယ်တဝိုက် စစ်ကြောင်းထိုးနေပါတယ်။ ပျူစောထီးတွေနဲ့ပေါင်းရင် ခန့်မှန်းအင်အား ၃၀လောက်ရှိပါတယ်”ဟု မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း MN PDF အဖွဲ့၏ တာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်သို့ ယာဥ်နှစ်စီးဖြင့် ပြောင်းရွှေ့စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ငါန်းဇွန်သတင်းစုံက ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း MN PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ ငါန်းဇွန်မြို့နယ် (ပ.က.ဖ)၊ Special Tesk Force (Nga Zun -PDF)၊ ဖက်ဒရယ် ညီကိုပြည်သူ့ကာကွယ်ရေးနှင့်ထုတ်လုပ်ရေးအဖွဲ့၊ ပြည်သူ့အင်အားပြောက်ကျားတပ်ဖွဲ့၊ Myaung Ms PDF၊ ငန်းနက် ပြောက်ကျားတပ်ဖွဲ့၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့နှင့် TGYR အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။