Connect with us

Hi, what are you looking for?

သတင်း

မြိုင်နှင့် ပေါက်မြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်နှင့် ပျူရွာများအား ဒေသကာကွယ်ရေးအဖွဲ့များ ပစ်ခတ်တိုက်ခိုက်

ဧပြီ ၂၁ ရက်က မြိုင်မြို့နယ်ရှိ သရက်ကွ ပျူရွာကို ဒေသကာကွယ်ရေးအဖွဲ့များက မွန်းလွဲ ၂ နာရီခန့်က တစ်ကြိမ်၊ ည ၉ နာရီ မိနစ် ၄၀ ခန့်ကတစ်ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(သရက်ကွ ပျူစောထီးရွာစခန်းအား ဒရုန်းစစ်ဆင်ရေးတစ်ခုတွင် ဝေဟင်မှမြင်တွေ့ရစဥ်)
(သရက်ကွ ပျူစောထီးရွာစခန်းအား ဒရုန်းစစ်ဆင်ရေးတစ်ခုတွင် ဝေဟင်မှမြင်တွေ့ရစဥ်)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်တို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့် ပျူစောထီးကျေးရွာများအား ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဧပြီ ၂၁ ရက်က မြိုင်မြို့နယ်ရှိ သရက်ကွ ပျူရွာကို ဒေသကာကွယ်ရေးအဖွဲ့များက မွန်းလွဲ ၂ နာရီခန့်က တစ်ကြိမ်၊ ည ၉ နာရီ မိနစ် ၄၀ ခန့်ကတစ်ကြိမ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ညပိုင်းကျတော့ လက်နက်ကြီးနဲ့ ရွာအရှေ့ဘက်ကနေ့ နှစ်ဖွဲညှပ်ပစ်တာပါ။ ၈လုံးကျော်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ဧပြီ ၂၁ ရက်ကပင် ညနေ ၆ နာရီခွဲခန့်က ပေါက်မြို့အဝင်ရှိ အိမ်တွင်းမှုရုံးရှေ့ စစ်ဆေးရေးဂိတ်အား ဒေသကာကွယ်ရေးအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီခန့်အထိ ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဧပြီ ၂၃ ရက်) နံနက် ၇ နာရီခန့်ကလည်း ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်း ပျူရွာအား ဒေသကာကွယ်ရေးအဖွဲ့များက လက်လုပ်စိန်ပြောင်းများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်နှင့်များနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်အသိပေးခြင်း မရှိသေးပေ။

မြိုင်နှင့် ပေါက်နယ်များတွင် စစ်အုပ်စုထောက်ခံသည့် ပျူရွာအချို့ရှိပြီး စစ်ကောင်စီတပ်က လက်နက်များ တပ်ဆင်ပေးထားကာ အနီးဝန်းကျင်ကျေးရွာများအား မကြာခဏပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်အုပ်စုနှင့်လိုက်ပါ၍ စစ်ကြောင်းထိုးဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook