Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် သရက်ကွပျူရွာလာသည့် စစ်အုပ်စုယာဉ် အား ဒေသကာကွယ်ရေးတပ်များ အနီးကပ်ပစ်ခတ်တိုက်ခိုက်

ယနေ့ (မေလ ၄ ရက်) နံနက် ၁၀နာရီခန့်က မြိုင်မြို့အနီး စက်မှု(၂)မှ ထွက်လာသော ဖောကားယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ လိုက်ပါလာပြီး လမ်းဘေးတွင် ကင်းပုန်းများချထားလျက် သရက်ကွပျူရွာသို့ ထွက်လာခဲ့သည်။

(စစ်အုပ်စုလိုက်ပါလာသော ဖောကားယာဉ်အား ဒေသကာကွယ်ရေးရဲဘော်များ ပစ်ခတ်နေစဉ်)
(စစ်အုပ်စုလိုက်ပါလာသော ဖောကားယာဉ်အား ဒေသကာကွယ်ရေးရဲဘော်များ ပစ်ခတ်နေစဉ်)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် သရက်ကွပျူစောထီးကျေးရွာသို့ လာသည့် စစ်အုပ်စုလိုက်ပါလာသော ဖောကားယာဉ်တစ်စီးအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ကားလမ်းဘေးထိုးကျပြီး ထိခိုက်သေဆုံးမှုများနိုင် ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယျာက ​ပြောကြားသည်။

ယနေ့ (မေလ ၄ ရက်) နံနက် ၁၀နာရီခန့်က မြိုင်မြို့အနီး စက်မှု(၂)မှ ထွက်လာသော ဖောကားယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ လိုက်ပါလာပြီး လမ်းဘေးတွင် ကင်းပုန်းများချထားလျက် သရက်ကွပျူရွာသို့ ထွက်လာခဲ့သည်။

စလင်းကန်ကျေးရွာအကျော် ကင်းပုန်းအားနည်းသောနေရာအရောက်တွင် ဒေသကာကွယ်ရေးရဲဘော်များက ၁၀မိနစ်ကျော်ကြာ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖောကားမှာ လမ်းဘေးသို့ထိုးကျသွားကြောင်း၊ အနီးကပ်ပစ်ခတ်ခဲ့၍ ထိခိုက်သေဆုံးမှု များပြားနိုင်​ကြောင်း မြိုင်( ပကဖ) ခေါင်းဆောင် ဗိုလ်လက်ယျာက ​ပြောကြားသည်။

Public Service Announcement
Public Service Announcement

သို့သော် ကင်းပုန်းများ ရောက်ရှိလာခြင်း၊ စက်မှု (၂)နှင့် မြိုင်မြို့မှ စစ်ကူများလာခြင်းတို့ကြောင့် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ခဲယမ်း ရိက္ခာသယ်တာဖြစ်မယ်။ အင်အားဖြည့် တာလည်းဖြစ်မယ်။ သရက်ကွရွာက မြိုင်မြို့နဲ့နီးတယ်။ ကားကတော့ ခုထိမသယ်နိုင်သေးဘူး”ဟု ဗိုလ်လက်ယျာက ​ပြောကြားသည်။

သရက်ကွပျူရွာကိုလည်း လက်နက်ကြီးအဖွဲ့များက ၁၀ချက်ကျော် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင်(ပကဖ)အဖွဲ့ဝင်များဖြစ်သော ဝံပုလွေအဖွဲ့၊ ဇေယျာသီအဖွဲ့၊ အညာမြေပြောက်ကျားအဖွဲ့၊ ချင်းတွင်းပြောက်ကျားအဖွဲ့ ၊ ပခုက္ကူခရိုင် PDFရင်း (၁)ဆယ့်သုံးတပ်ဖွဲ့၊ စကော်ပီယန်အဖွဲ့ ၊ MVP အဖွဲ့ ၊ MRTF အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် မြိုင်(ပကဖ)နှင့် မဟာမိတ်အဖွဲ့များသည် မေလ ၂ ရက်ကလည်း သရက်ကန်ပျူစောထီးစခန်းနှင့် စိုကန်တိုက်ပျူရွာကြားတွင် ပျူစောထီးများအားမိုင်းဆွဲခြင်း၊ ဒရုန်းဖြင့်အီနာဂါခြင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးနှင့် ပျူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook