သတင်း ပခုက္ကူနှင့် မြိုင်မြို့ရှိ စစ်ကောင်စီဂိတ်များ နှစ်ရက်ဆက် တိုက်ခိုက်ခံရ တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။ LuduNwayOoမေ 18, 2024
သတင်း ပခုက္ကူမြို့မှထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ကားရှစ်စီးကို PDF မီးရှို့ဖျက်ဆီး ကားအစီးရေ ၁၀၀ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှ ထွက်လာပြီး မတ်လ ၂၃ရက်တွင် ကမ္မမြို့သို့ ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့မရောက်မီ PDFများက စတင်တိုက်ခိုက်ခဲ့ကြသည်။ LuduNwayOoဧပြီ 4, 2024
သတင်း စစ်ကောင်စီက ပေါက်မြို့မှတပ်မိသားစုနှင့် ဝန်ထမ်းများကို ပခုက္ကူမြို့သို့ ခေါ်ယူ အဆိုပါ စစ်ကြောင်းသည် ပေါက်မြို့နယ်၊ ရွှေဘုံသာရွာ(ပျူစောထီးရွာ)မှ ပေါက်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်ဟု ပေါက် (ပကဖ)က ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း ပခုက္ကူစက်မှုဇုန်ဂိတ်ရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဟုဆို ပခုက္ကူမြို့နယ်သည် စစ်ကောင်စီအား ခုခံတော်လှန်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး ၎င်းတို့အား လာရောက်တိုက်ခိုက်မည်စိုး၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဟုပင် တားမြစ်ထားသည်။ LuduNwayOoဩဂုတ် 19, 2023
သတင်း ပခုက္ကူနယ်တွင် ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် စစ်အုပ်စုနေရာများအား တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် အရှေ့ဘုန်းကန်ရွာရှိ ပျူစခန်းလည်း လေးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်အုပ်စုက အင်ပင်စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Pakokku Special Guerrilla Force-PSGF အဖွဲ့က အသိပေးသည်။ LuduNwayOoဩဂုတ် 8, 2023
သတင်း ရေစကြို – ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ ရေစကြို(ပကဖ)အဖွဲ့သည် သြဂုတ် ၁ ရက်ကလည်း ရေစကြို - မန္တလေးလမ်းပိုင်း ဇီးတောကျေးရွာရှိ ပျူစောထီးစခန်းအား မောင်းသူမဲ့လေယာဥ်ငယ် နှစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoဩဂုတ် 3, 2023
သတင်း ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို မကွေးနှင့် စစ်ကိုင်းတိုင်း PDFများ ပူးပေါင်းတိုက်ခိုက် ယမန်နေ့ (သြဂုတ် ၁ရက်) မွန်းလွဲ ၂နာရီခန့်က ပခုက္ကူမြို့နယ်၊ ကျပ်တိုးကျေးရွာအနီးရှိ အင်အား ၄၀ကျော်ရှိသော စစ်ကောင်စီစခန်းကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ LuduNwayOoဩဂုတ် 2, 2023
သတင်း ပခုက္ကူမြို့တွင် နာရေးအသင်းယာဥ်ဖြင့် လျှို့ဝှက်လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများအား PDF ရဲဘော်များ တိုက်ခိုက် မိုင်းသုံးလုံးတွဲဖြင့် နေရာနှစ်ခုတွင် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်မှုရှိခဲ့သည်ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ(၂)၊ Young Force (UG)က သတင်းထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 1, 2023
သတင်း ကျောက်ခွက်ရေနံမြေစခန်း ဒေသကာကွယ်ရေးတပ် များသိမ်းပိုက်ရာ ကျည်မလောက်၍ လက်လွှတ်ခဲ့ရ ကျောက်ခွက်ရေနံမြေ Well-2 ရေနံမြေတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့၏စခန်းကို တိုက်ခိုက်ရာ အချိန် ၃နာရီအထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ကူပေးခဲ့ခြင်း ဖြစ်သည်။ LuduNwayOoမတ် 11, 2023
သတင်း ပခုက္ကူဒေသရှိ စစ်ကောင်စီမွေးမြူရေးတပ်ကို PDFများ တိုက်ခိုက်သိမ်းပိုက်ရာ အရာရှိအပါအဝင် သေဆုံးမှုရှိ ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်) နံနက် ၆နာရီခွဲခန့်မှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ၉နာရီအထိ မြေပြင်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီက လေကြောင်းပစ်ကူရောက်လာ၍ PDFများ ဆုတ်ခွာခဲ့သော်လည်း လက်နက်ကြီး၊ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်မှုဆက်လုပ်နေကြောင်း ၎င်း ကဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 11, 2023