Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူစက်မှုဇုန်ဂိတ်ရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဟုဆို

ပခုက္ကူမြို့နယ်သည် စစ်ကောင်စီအား ခုခံတော်လှန်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး ၎င်းတို့အား လာရောက်တိုက်ခိုက်မည်စိုး၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဟုပင် တားမြစ်ထားသည်။

(Southern YSO PDF၏ အဖွဲ့ဝင်ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF)
(Southern YSO PDF၏ အဖွဲ့ဝင်ရဲဘော်များကို တွေ့ရစဥ်။ ဓာတ်ပုံ-Southern YSO PDF)

မကွေးတိုင်း၊ ပခုက္ကူမြို့စက်မှုဇုန် စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Southern YSO PDF၏ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ယမန်နေ့(သြဂုတ် ၁၈ ရက်) နေ့လယ် ၃နာရီခန့်က ပခုက္ကူစက်မှုဇုန် (၆)လမ်းထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF လေးဖွဲ့ပူးပေါင်းပြီး ပြောက်ကျားနည်းဖြင့် အလစ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဂိတ်အနီးစောင့်နေသော စစ်သား နှစ်ဦးအား ပစ်ခတ်နိုင်ခဲ့ကြောင်း၊ ထို့နောက် ပထမလိုင်းရှိရဲဘော်များ ကျည်ကုန်သည်အထိ ပစ်ခတ်ပြီး ပြန်ဆုတ်လာချိန် ဒုတိယလိုင်းရှိ ရဲဘော်များက စစ်​ဆေးရေးဂိတ်ကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုအောင်မောင်းက ပြောသည်။

စစ်ဆင်ရေး၌ ဘန်ကာအနီးထိုင်နေသော ဗိုလ်တစ်ဦးထိမှန်ကာ ပခုက္ကူမြို့သပြေညိုဆေးရုံသို့ တက်ရောက်ကုသပြီးနောက် ညအချိန်တွင် သေဆုံးသွားသည်ဟု သတင်းရကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“ သူ(နှစ်ပွင့်ဗိုလ်)က အဲဒီဂိတ်မှာဆရာကြီး ဖိုက်တာလုပ်နေတာ။ အဲဒီကောင်က ဘယ်လောက်ဆိုးသလဲဆို အဲဒီဂိတ်မှာထိုင်နေသမျှကာလတလျှောက် ပခုက္ကူမှာ တိုက်ဆောက်ဖို့တောင်ပြင်နေပြီ။” ဟု ကိုအောင်မောင်းက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ဂိတ်ရှိ ပျူစောထီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။ သို့သော် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ စက်မှုဇုန်ဘက် ပွဲကသွားတယ်လို့ကြားတယ်။” ဟု ပခုက္ကူမြို့ပေါ်နေထိုင်သူတစ်ဦးက ပြောသည်။

စစ်ဆင်ရေးကို Southern YSO PDF၊ဒေါင်းစစ်သည်၊ ဒေါင်းညီနောင်၊ Yesagyo Revolution Force (YRG)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါဂိတ်သည် ပြည်သူများတင်ဆောင်လာသော ကုန်ပစ္စည်းများအား အဓမ္မသိမ်းခြင်း၊ အမျိုးသမီးများအား ထိကပါးရိကပါးပြုလုပ်ခြင်း၊ ပြည်သူများအား စစ်ဆေး ငွေတောင်းခံခြင်းများ ပြုလုပ်နေသော ဂိတ်ဖြစ်ကြောင်း Southern YSO PDF အဖွဲ့က ပြောသည်။

ထို့အပြင် ယမန်နေ့ည ၉ နာရီ ၄၅မိနစ်ခန့်ကလည်း ရေစကြိုမြို့နယ်၊ပခုက္ကူ – မန္တလေး လမ်းမပေါ်၊ ကျောက်လှေခါး ကျေးရွာရှိ စစ်ဆေးရေးဂိတ်ကိုလက်နက်ငယ်ပေါင်းစုံဖြင့် တိုက်ခိုက်ခဲ့ကြောင်း Southern YSO PDF အဖွဲ့က ထပ်မံထုတ်ပြန်သည်။

စစ်ဆင်ရေးကိုမူSouthern YSO PDF၊ Yesagyo Revolution Group(YRG)၊ဒေါင်းညီနောင်၊ Shwe Nyar Myae People Defense Force အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ပခုက္ကူမြို့နယ်သည် စစ်ကောင်စီအား ခုခံတော်လှန်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး ၎င်းတို့အား လာရောက်တိုက်ခိုက်မည်စိုး၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဟုပင် တားမြစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။