Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ပေါက်မြို့မှတပ်မိသားစုနှင့် ဝန်ထမ်းများကို ပခုက္ကူမြို့သို့ ခေါ်ယူ

အဆိုပါ စစ်ကြောင်းသည် ပေါက်မြို့နယ်၊ ရွှေဘုံသာရွာ(ပျူစောထီးရွာ)မှ ပေါက်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်ဟု ပေါက် (ပကဖ)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပေါက်မြို့မှတပ်မိသားစုနှင့် ဝန်ထမ်းများကို ပခုက္ကူမြို့သို့ ခေါ်ယူ
စစ်ကောင်စီက ပေါက်မြို့မှတပ်မိသားစုနှင့် ဝန်ထမ်းများကို ပခုက္ကူမြို့သို့ ခေါ်ယူ

မကွေးတိုင်း ပေါက်မြို့နယ်မှ စစ်ကောင်စီဝင်မိသားစုနှင့် Non CDMဝန်ထမ်းများကို ကားများဖြင့် ပခုက္ကူမြို့သို့ ခေါ်ဆောင်လာကြောင်း အဆိုပါဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

နယ်စပ်မြို့များနှင့် အင်အားနည်းသည့် ဒေသများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက သိမ်းပိုက်လာခြင်းကြောင့် ၎င်းတို့ဝန်ထမ်းများကို အရေးပါသောမြို့များကို အင်အားပြန်လည်စုစည်းနေခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များက ဆိုသည်။

“အခြားဒေသတွေမှာလိုပဲ။ ပေါက်ဘက်မှာလည်း စခန်းတွေသိမ်းမှာစိုးရိမ်လို့ စခန်းတချို့ကို စွန့်ပြီး ပခုက္ကူဘက်ကို ရွေ့နေကြတယ်”ဟု ပေါက်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက အင်အား ၂၅၀ခန့်ဖြင့် စစ်ကြောင်းထိုးပြီးနောက် ဒေသခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းသည် ပေါက်မြို့နယ်၊ ရွှေဘုံသာရွာ(ပျူစောထီးရွာ)မှ ပေါက်မြို့နယ် မြောက်ပိုင်းကို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်ဟု ပေါက် (ပကဖ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။