သတင်း သရက်ချောင်းမြို့နယ်တွင် ခရီးသွားပြည်သူများအားငွေညှစ်နေသည့်စစ်တပ်နှင့်ပျူအဖွဲ့ တိုက်ခိုက်ခံရပြီး သုံးဦးသေ အထက်ပါ စစ်ကောင်စီတပ်ကင်းပုန်းအား တိုက်ခိုက်ရာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ LuduNwayOoမတ် 1, 2023
သတင်း ရေစကြိုမြို့နယ်တွင် ကျေးရွာအတွင်း စစ်ကောင်စီတပ်စခန်းချရန်တောင်းဆိုသည့် ပျူငါးဦး ပစ်ခတ်ရှင်းလင်းခံရ ဖေဖော်ဝါရီ ၂၅ ရက် ည ၁၁ နာရီခန့်က အလယ်သောင်ကျေးရွာအုပ်စု၊ ဂွက်ကြီးကျေးရွာတွင် စခန်းအထိုင်ချရန် စစ်ကောင်စီတပ်ထံ တောင်းဆိုထားသော ပျူစောထီးခေါင်းဆောင်ဟုဆိုသူ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦးကို ၎င်းတို့နေအိမ်များသို့သွားရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 27, 2023
သတင်း မုံရွာမြို့နယ် တောပုရွာရှိပျူအဖွဲ့အား နှစ်ရက်ဆက်တိုက်ခိုက်ရာ လေးဦးသေဟုဆို ဖေဖော်ဝါရီ၂၅ ရက်ကလည်း ပြည်သူ့ပဲခင်းများကို ခိုးယူရိတ်သိမ်းနေသော တောပုရွာမှ ပျူများအား မိုင်း ၅လုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ပျူတစ်ဦးသေဆုံးပြီး ဒဏ်ရာရထိခိုက်သူများကြောင်း Special Forces-11PDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 27, 2023
သတင်း မန္တလေးတိုင်း မြို့နယ်သုံးခုရှိ ရဲစခန်း၊ ပျူစခန်းနှင့် စစ်ကောင်စီယာဥ်များအား တိုက်ခိုက် မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း ကန့်ဘလူမြို့နယ်တွင် ပျူများထောင်ထားသည့်မိုင်းပေါက်ကွဲ၍ ပြည်သူငါးဦးဒဏ်ရာရ မိုင်းထိမှန်ဒဏ်ရာရသူ ငါးဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနနေတွင်ရှိနေသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများဖော်ပြနေသည့် Infinity Group က ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2023
သတင်း ရေစကြိုနယ်ရှိ ပျူစခန်းနှင့် ခလရ (၂၅၆)တို့ကို PDFများ တစ်ပြိုင်တည်းတိုက်ခိုက် ရေစကြိုမြို့နှင့် ၅မိုင်ခန့်အကွာ၊ စစ်ကောင်စီ၏ ခလရ (၂၅၆)၊ (၂၅၇)၊(၂၅၈) တပ်ရင်းများနှင့် မိုင်အနည်းငယ်သာကွာသည့် ဇီးတောပျူစောထီးစခန်းကို ယနေ့(ဖေဖော်ဝါရီ ၂၄ရက်) နံနက် အစောပိုင်း၌ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 24, 2023
သတင်း ပုလဲတွင်ပျူရွာအဖြစ်သတ်မှတ်ခံရ၍လက်မခံဘဲ ထွက်ပြေးလာသောပြည်သူ ၄၀၀ကျော်အတွက်အကူအညီများပေးအပ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဇီးဖြူကုန်းပျူစခန်းမှ စစ်ကောင်စီတပ်သားများသည် ထိုရွာမှ ထွက်လာပြီး နွယ်အင်းရွာ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းနှင့် စစ်ဘေးရှောင်ပစ္စည်းများထားရာ တောတဲကို မီးရှို့ဖျက်ဆီးခဲ့ကာ နွယ်အင်းရွာ၌ တပ်စွဲခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 21, 2023
သတင်း ဝက်လက်မြို့ ပျူစခန်းချရာနေရာ တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေထိုင်သော နေအိမ် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံးခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 17, 2023
သတင်း လောင်းလုံးမြို့တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးများ၊ သတင်းပေးဒလန်များအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုဘဲ အမြန်ဆုံးရပ်တန်းကရပ်ကြရန် Dawei Defense Team - DDT က နောက်ဆုံးအကြိမ်အဖြစ် သတိပေးထားသည်။ LuduNwayOoဖေဖော်ဝါရီ 17, 2023
သတင်း လက်ပံတန်းတွင် လောင်းကစားဝိုင်းများဦးဆောင်ပြုလုပ်သည့် ပျူခေါင်းဆောင်ကို ပစ်ခတ် ယင်းပစ်ခတ်မှုကြောင့် ကြီးမြင့်သည် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သာယာဝတီဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ရက်တွင် စိုးရိမ်ရလူနာအဖြစ် ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023