Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးများ၊ သတင်းပေးဒလန်များအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုဘဲ အမြန်ဆုံးရပ်တန်းကရပ်ကြရန် Dawei Defense Team – DDT က နောက်ဆုံးအကြိမ်အဖြစ် သတိပေးထားသည်။

လောင်းလုံးမြို့တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ
လောင်းလုံးမြို့တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Dawei Defense Team(DDT)က ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၆)ညနေ ၆ နာရီကျော်က လောင်းလုံးမြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားများ၊ ရဲများနှင့်အတူ ခြင်းလုံးခပ်ပြီးပြန်လာသော ပျူစောထီးအဖွဲ့ဝင် အောင်ဆန်းဦးဆိုသူကို မြို့ပေါ်လမ်းပိုင်းတစ်နေရာတွင် DDTတပ်ခွဲ (၃)မှ ရဲဘော်များက သေနတ်ဖြင့် ငါးချက်ပစ်ခတ်ရှင်းခဲ့ခြင်းဖြစ်သည်ဟု DDT တပ်ဖွဲ့က ပြောသည်။

“သူက ပျူစောထီးအဖွဲ့ဝင် ကြေးစားပါခင်ဗျာ။ စစ်တပ်က ငွေပေးပြီးခိုင်းရင်အကုန်လုပ်ပါတယ်။ သူကြောင့် ပြေးနေရတဲ့ CDMဝန်ထမ်းတွေ၊ သပိတ်လှုပ်ရှားသူတွေ မနည်းပါဘူး။ ဖမ်းခံရတာလည်း မနည်းပါဘူး”ဟု Dawei Defense Team – DDT မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ပျူစောထီးအဖွဲ့ဝင်ဟုဆိုသူ ကိုအောင်ဆန်းဦးအား DDT တပ်ဖွဲ့မှ စစ်ကောင်စီနှင့် ဆက်လက်မပူးပေါင်းရန် သုံးကြိမ်တိတိ သတိပေးခဲ့သော် လည်း လိုက်နာခြင်းမရှိဘဲ စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပြည်သူကို ဆက်လက်ဒုက္ခပေးနေသောကြောင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပျူစောထီးအဖွဲ့ဝင် အောင်ဆန်းဦးဆိုသူအား ရှင်းလင်းမှုသည် DDT တပ်ခွဲ (၃) ထားဝယ်(ပ.က.ဖ)ရဲဘော်များ၏ လုပ်ဆောင်ချက်သာဖြစ်ပြီး ပြည်သူလူထုနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးသည်။

ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ပျူစောထီးများ၊ သတင်းပေးဒလန်များအနေဖြင့် စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းခြင်းမပြုဘဲ အမြန်ဆုံးရပ်တန်းကရပ်ကြရန် Dawei Defense Team – DDT က နောက်ဆုံးအကြိမ်အဖြစ် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။