Connect with us

Hi, what are you looking for?

သတင်း

ပုလဲတွင်ပျူရွာအဖြစ်သတ်မှတ်ခံရ၍လက်မခံဘဲ ထွက်ပြေးလာသောပြည်သူ ၄၀၀ကျော်အတွက်အကူအညီများ​ပေးအပ်

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဇီးဖြူကုန်းပျူစခန်းမှ စစ်ကောင်စီတပ်သားများသည် ထိုရွာမှ ထွက်လာပြီး နွယ်အင်းရွာ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းနှင့် စစ်ဘေးရှောင်ပစ္စည်းများထားရာ တောတဲကို မီးရှို့ဖျက်ဆီးခဲ့ကာ နွယ်အင်းရွာ၌ တပ်စွဲခဲ့သည်။

(ဇီးဖြူကုန်းရွာမှထွက်​ပြေးလာ​သောပြ​ည်သူ ၄၀၀ ကျော်အတွက် လှူဒါန်းပေးနေစဥ် ။ဓါတ်ပုံ-ပုလဲပအဖ)
(ဇီးဖြူကုန်းရွာမှထွက်​ပြေးလာ​သောပြ​ည်သူ ၄၀၀ ကျော်အတွက် လှူဒါန်းပေးနေစဥ် ။ဓါတ်ပုံ-ပုလဲပအဖ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်ကဇီးဖြူကုန်းရွာကို ပျူစောထီးရွာအဖြစ် သတ်မှတ်လိုက်၍ လက်မခံဘဲထွက်ပြေးလာခဲ့သောပြ​ည်သူ ၄၀၀ ကျော်အား ပြည်ပအလှူရှင်များနှင့် ပုလဲပအဖက အကူအညီများ​ပေးအပ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က NUG လက်အောက်ရှိ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က “ထိုင်းရောက်မြန်မာနိုင်ငံသားများ စည်းလုံးညီညွတ်ရေးအဖွဲ့”မှ လှူဒါန်းသော အလှူငွေ၅၂၀၀၀၀ကျပ်ကို ပုလဲမြို့နယ်၊ဇီးဖြူကုန်းရွာမှ ထွက်ပြေးလာခဲ့သော စစ်ဘေးရှောင်ပြည်သူ(၄၀၀)ကျော်ကို သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိုပြည်သူများသည် ၎င်းတို့၏ ဇီးဖြူကုန်းရွာအား စစ်ကောင်စီက ပျူရွာအဖြစ် ယမန်နှစ်အတွင်း သတ်မှတ်လိုက်သည့်အခါ လက်မခံဘဲ တော်လှန်ဆန့်ကျင်ထွက်ပြေးလာခဲ့သူများဖြစ်သည်။ ရွာကိုစွန့်ခွာခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး နေထိုင်စားသောက်ရေးအခက်အခဲများ ရှိနေကြ၍ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ပုလဲပအဖတာဝန်ရှိသူက ပြောသည်။

(ဇီးဖြူကုန်းရွာမှထွက်​ပြေးလာ​သောပြ​ည်သူ ၄၀၀ ကျော်အတွက် လှူဒါန်းပေးနေစဥ် ။ဓါတ်ပုံ-ပုလဲပအဖ)
(ဇီးဖြူကုန်းရွာမှထွက်​ပြေးလာ​သောပြ​ည်သူ ၄၀၀ ကျော်အတွက် လှူဒါန်းပေးနေစဥ် ။ဓါတ်ပုံ-ပုလဲပအဖ)

“၂၀၂၂ ခုနှစ် အစောပိုင်းကတည်း ပျူရွာလုပ်လိုက်တာ။ ပျူရွာလုပ်တာကို လက်မခံတဲ့ ကျေးရွာသားအချို့က သူတို့ပစ္စည်းတွေထားခဲ့ပြီး ပြေးလာကြရတာပေါ့ဗျာ။ ဘာပစ္စည်းမှလည်း မရခဲ့ဘူး။ သူတို့အိမ်တွေကိုလည်း ပြေးသွားပြီဆိုပြီး ပျူနဲ့စစ်တပ်က မီးရှို့ပစ်လိုက်တာကိုး။ သူတို့လယ်ယာမြေတွေကလည်း ရွာနားမှာဆိုတော့ သွားလုပ်လို့မရတော့ဘူးလေ။ လယ်ယာမြေတွေလည်းဆုံးရှူံးခဲ့တယ်။ သူတို့မှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ မိသားစုနဲ့ သူတို့နဲ့ဆက်စပ်ရာနေရာတွေမှာ အကွဲကွဲအပြားပြား နေထိုင်နေကြရတယ်။ ကျရာကျပန်းလုပ်စားနေရတယ်။”ဟု ပုလဲပအဖတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဇီးဖြူကုန်းစစ်ဘေးရှောင်ပြည်သူများကို ဆန်အိတ်(၂၀)အိတ်၊အဝတ်အထည်၊ဆီ(၅)ပုံး နှင့် မင်းတိုင်ပင်ရွာ မီးရှို့ခံခဲ့ရ​သောအိမ်ထောင်စု(၈)စုကို ဆန်အိတ်(၈)အိတ်ပါ ထောက်ပံ့ခဲ့သည်။

(ဇီးဖြူကုန်းရွာမှထွက်​ပြေးလာ​သောပြ​ည်သူ ၄၀၀ ကျော်အတွက် လှူဒါန်းပေးနေစဥ် ။ဓါတ်ပုံ-ပုလဲပအဖ)
(ဇီးဖြူကုန်းရွာမှထွက်​ပြေးလာ​သောပြ​ည်သူ ၄၀၀ ကျော်အတွက် လှူဒါန်းပေးနေစဥ် ။ဓါတ်ပုံ-ပုလဲပအဖ)

ထိုအပြင်ပုလဲမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနွယ်အင်းရွာ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဇီးဖြူကုန်းပျူစခန်းမှ စစ်ကောင်စီတပ်သားများသည် ထိုရွာမှ ထွက်လာပြီး နွယ်အင်းရွာ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းနှင့် စစ်ဘေးရှောင်ပစ္စည်းများထားရာ တောတဲကို မီးရှို့ဖျက်ဆီးခဲ့ကာ နွယ်အင်းရွာ၌ တပ်စွဲခဲ့သည်။

ယမန်နေ့တွင်မူ စစ်ကောင်စီစစ်ကြောင်းသည် နွယ်အင်းရွာမှ ထွက်ခွာလာပြီး တုံးကန်ရွာ၌ တပ်စွဲထားကြောင်း ​ဒေ၏သတွင်းသတင်းရင်းမြစ်များထံမှသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။