Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့ ပျူစခန်းချရာနေရာ တိုက်ခိုက်ရာ နှစ်ဦးသေဟုဆို

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေထိုင်သော နေအိမ် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံးခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သိမ်းဆည်းခဲ့သော ပစ္စည်းအချို့အား တွေ့ရစဉ်၊ ဓာတ်ပုံ-PAFD
သိမ်းဆည်းခဲ့သော ပစ္စည်းအချို့အား တွေ့ရစဉ်၊ ဓာတ်ပုံ-PAFD

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးစခန်းချရာနေရာကို ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့ပေါ်ရှိ ပျူစောထီးများနေထိုင်သော နေအိမ် ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံးခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ပျူစောထီးများပိုင်ဆိုင်သောပစ္စည်းအချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့သ​ည်ဟု PAFD က ဆိုသည်။

Public Service Announcement
Public Service Announcement

“ပျူနဲ့စကစတွေပေါင်းပြီးတော့ရှိနေတဲ့ အဲဒီအိမ်ထဲကို ဝင်စီးတဲ့အခါမှာ ကျွန်တော်တို့လာမယ်သတင်းကြားတော့ ထွက်ပြေးတာ။ ကျွန်တော်တို့ပြန်ထွက််မယ်လုပ်တော့ သူတို့က အင်အားတွေနဲ့လာပြီး မိနစ်နှစ်ဆယ်လောက်တိုက်ပွဲဖြစ်တာ။ အင်အားကတော့ သုံးဆယ်လောက်ရှိမယ်”ဟု PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို PAFDနှင့် PAFDတပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊တပ်စိပ်(၁)ပျံလွှားအဖွဲ့၊တပ်စိပ် (၂)ခွပ်ဒေါင်းအဖွဲ့တပ်စိပ်(၃)ဇာမဏီအဖွဲ့တပ်စိပ်(၄)ငရဲမီးအဖွဲ့နှင့်PAFDတပ်ခွဲ DKPDF-MMU မြင်းဖြူရှင်ပျောက်ကြားတပ်ဖွဲ့စသော မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီတတိယပတ်အတွင်းက ဝက်လက်မြို့နယ်အတွင်းနှင့် မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်၁၅ ဦးထက်မနည်းသေဆုံးခဲ့သည်။ တော်လှန်ရေးရဲဘော် ခြောက်ဦးလည်း ကျဆုံးပြီး နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း PAFDက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။