Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်တွင် ခရီးသွားပြည်သူများအားငွေညှစ်နေသည့်စစ်တပ်နှင့်ပျူအဖွဲ့ တိုက်ခိုက်ခံရပြီး သုံးဦးသေ

အထက်ပါ စစ်ကောင်စီတပ်ကင်းပုန်းအား တိုက်ခိုက်ရာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

(ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- PDF-Federal Column)
(ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- PDF-Federal Column)

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ခရီးသွားပြည်သူများနှင့် ယာဥ်များအား တာဆီးငွေညှစ်နေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့က People’s Spring သတင်းဌာနသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ညနေ ၅ နာရီကျော်က သရက်ချောင်းမြို့နယ် သိမ်ကုန်းရေတံခွန်အနီး မြိတ် – ထားဝယ်ပြည်ထောင်စုလမ်းမကြီးပေါ်၌ ကင်းပုန်းဝပ်၍ ခရီးသွားယာဥ်များအား တားဆီးစစ်ဆေးကာငွေကြေးတောင်းယူနေသည့် စစ်ကောင်စီတပ်ကို ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းနှင့် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နောက်တစ်နေ့မှ ပြည့်သူထံမှ အတည်ပြုသိရတာ သုံးဦးသေပြီး လေးဦးဒဏ်ရာရတယ်လို့ သတင်းပို့လာပါတယ်။ ကင်းပုန်းဝပ်နေတာကို ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ရတာဆိုတော့ ဘာမှမှတ်တမ်း မတင်လိုက်ရသလို ပြင်ဆင်ချိန်လည်း မရလိုက်ဘူး”ဟု ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ သိမ်းကုန်းရေတံခွန်အနီး မြိတ် – ထားဝယ်လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင် ပျူစောထီး အင်အား (၂၀)ခန့်က နေ့စဥ်နီးပါး ကင်းပုန်ဝပ်၍ ခရီးသွားပြည်သူများကို အမျိုးမျိုးဒုက္ခပေးနေသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတော်လှန်ရေးရဲဘော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တော်လှန်ရေးပူးပေါင်းတပ်များတိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့နောက်ပိုင်း ယနေ့ (ဖေဖော် ဝါရီ ၂၈)အထိ သိမ်ကုန်းရေတံခွန်အနီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဘက်မှ ခရီးသွားပြည်သူများအား တားဆီးငွေညှစ်မှု လုပ်ဆောင်သည်ကို မတွေ့ရတော့ဟု ပုတီးတစ် လုံးပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

အထက်ပါ စစ်ကောင်စီတပ်ကင်းပုန်းအား တိုက်ခိုက်ရာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊တရားမျှတမှုရရှိရေးနဲ့စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်များနဲ့အတူဆက်လက်ကြိုးပမ်းမယ်ဟု​​ကြေညာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။