Hi, what are you looking for?
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ နဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်နှင့် အရာရှိများသည် တပ်မတော်၏ သစ္စာလေးချက်ကို ဖောက်ဖျက်ခြင်း၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့် ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်းများလုပ်နေသည်ဟု ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်ကြပ်များက ပြောသည်။