Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်သုံ့ပမ်းအချို့ဖမ်းမိဟု KIA အသိပေး

ကချင်ပြည်နယ် ၊ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦး​ဆောင်​သော ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ​ဖေ​ဖော်ဝါရီ ၁၁ ရက်ညတွင် ဖော်ပြထားပြီး စစ်သုံ့ပမ်းအချို့ ဖမ်းမိခဲ့ကြောင်း အသိပေးသည်။

ဗန်း​မော်မြို့သိမ်းတိုက်ပွဲတွင် KIA နှင့်မဟာမိတ်များ ​ဖေ​ဖော်ဝါရီ လဆန်းတွင်သိမ်းဆည်းရရှိ​သောလက်နက်များ နှင့် တင့်ကားတပ်ရင်း ၅၀၁၄။ ဓါတ်ပုံ- ကချင်​တောင်တန်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ၊ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦး​ဆောင်​သော ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးက ​ဖေ​ဖော်ဝါရီ ၁၁ ရက်ညတွင် ဖော်ပြထားပြီး စစ်သုံ့ပမ်းအချို့ ဖမ်းမိခဲ့ကြောင်း အသိပေးသည်။

ကချင်ပြည်နယ်၏ ဒုတိယမြို့​တော်ဗန်းမော်ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)ကို KIA ဦး​ဆောင်​သောပူး​ပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ရက်မှ ဖေဖော်ဝါရီ ၁၁ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်သုံ့ပမ်းအချို့ ကို ဖမ်းဆီးရမိထားကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားဖော်ပြသည်။

ဖမ်းမိ စစ်သုံ့ပမ်းအရေအတွက်ကို ဖော်ပြထားခြင်းမရှိပေ။ ကချင်သတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ ဖေဖော်ဝါရီ ၁၀ရက်​နေ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှစစ်သာယ ၆၀ ကျော်သေဆုံးကာ ၄၇ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု​ပြောသည်။

Public Service Announcement

Public Service Announcement

KIA သတင်းပြန်ကြားရေးဌာန၏ ဖော်ပြချက်တွင် ဗန်းမော်ရှိ အမြောက်တပ် (၃၆၆)ကို ဖေဖော်ဝါရီ ၂ရက်နေ့၊ ဖေဖော်ဝါရီ ၃ရက်တွင် ကန်တော်စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ဗန်းမော် သံချပ်ကာတပ် (၇၀၀၆) ဇန်နဝါရီ ၂၅ရက်က သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီ ၂၆ရက်တွင် စစ်ကောင်စီလေတပ်စခန်းကို သိမ်းရခဲ့သည်ဟု အသိပေးထားသည်။

ခလရ(၂၃၆)တပ်ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်း၊ Y12 တို့ဖြင့် ခုခံတိုက်ခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။

ကချင်သတင်းရင်းမြစ်၏ ပြောပြချက်အရ ဖေဖော်ဝါရီလပထမပါတ်တွင် ဗန်းမော်ရှိ တင့်ကားတပ်ရင်း (၅၀၁၄)ကိုလည်းထပ်မံ သိမ်းပိုက်ရရှိထားပြီး အဆိုပါတပ်ရင်းကို သိမ်းရသည့် ရုပ်သံလည်း လူမှုကွန်ရက်၌ ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြအသိပေးထားသည်။

KIA ပူးပေါင်းတပ်၏ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ စစ်ဆင်ရေး ၂လကျော်ရှိပြီဖြစ်သည်။ တိုက်ပွဲအတွင်းကုန်​ကြောင်းနှင့် ​ရေ​ကြောင်း စစ်ကူမရ​တော့ဘဲ KIA ၏ဝိုင်းရံပိတ်ဆို့ခံထားရ​သောစစ်ကောင်စီက လေကြောင်းပစ်ကူ ၊ဒရုန်း ၊လက်နက်ကြီးပစ်ကူဖြင့် အပြင်းအထန် ခုခံ လျက်ရှိသည်။

သို့​သော် KIA ပူးပေါင်းတပ်က တပ်ရင်းဌာနချုပ်များ တခုပြီး တခု သိမ်းပိုက်လျက်ရှိသည်။ တိုက်ပွဲပြင်းထန်ခြင်းနှင့်အတူ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေကြောင်းလည်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊မိုးကောင်းမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမိုးများတာကြောင့်ဧရာဝတီမြစ်ရေတက်လာပြီး မြို့ရဲ့မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဘေးကြုံနေရတယ်လို့ဒေသခံတွေနဲ့လူမှုကူညီရေးလုပ်ကိုင်သူတွေဆီကသိရပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။