Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စစ်တပ်အထိနာ၊ ပွိုင့်ဖိုက်အပါအဝင် လက်နက်ခဲယမ်းများ KIA ပူးပေါင်းတပ်သိမ်းရ

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီးဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက်စက်သေ နတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

■ဖားကန့်တိုက်ပွဲတွင်လည်းစစ်တပ်ထိခိုက်သေဆုံးမှုများဟုဆို

စက်တင်ဘာ−၈၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်နှင့် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများ ပြင်းထန်နေပြီးဗန်းမော်တိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ ပွိုင့်ဖိုက်စက်သေ နတ်ကြီးများအပါအဝင် လက်နက်နှင့် ကျည်ဆံများသိမ်းရသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ကဗန်းမော်သံချပ်ကာတပ်ရင်းနဲ့ ၂၃၆အဲဒီဘက်မှာတိုက်ပွဲအကြီး အကျယ်ဖြစ်တယ်။ အဲဒီမှာ စခတွေ ထိခိုက်ကျဆုံးမှုများတယ်။ ပြီးတော့လည်း စခ လက်နက်တွေ ပွိုင့်ဖိုက်သေနတ်တွေသိမ်းမိထားတာရှိတယ်။ ကျည်ဆံတွေရောအများကြီးပဲ”ဟုကချင်သတင်းရင်းမြစ်ကစက်တင်ဘာ ၈ရက်ညပိုင်း၌ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏သံချပ်ကာတပ်ရင်းနှင့်ခလရ(၂၃၆)တပ်ရင်းကိုယခင်ကတည်း က KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားရာ ပြီးခဲ့သည့် ဩဂုတ်လတွင် စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အပြန်အလှန် ထိုးစစ်ဆင်နေသကဲ့သို့ ဩဂုတ်လအတွင်း တိုက်ပွဲများလည်း ဆက်တိုက်ပြင်းထန်ခဲ့သည်။

ဗန်းမော်တိုက်ပွဲသိမ်းရခဲ့သည့် လက်နက်များတွင် စက်သေနတ်ကြီးအမျိုးအစားများဖြစ်သော ပွိုင့်ဖိုက် ၁လက်၊ 14.5 ၁လက်နှင့် ဆက်စပ်ကျည်ဆံများစွာ သိမ်းရခဲ့ဟု ဆိုသည်။

ထို့ပြင်ဖားကန့်မြို့နယ်၌လည်းစက်တင်ဘာ ၈ရက်နှင့်စက်တင်ဘာ ၇ရက်က တိုက်ပွဲပြင်းထန်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

“ဖားကန့်ဘက်မှာက မနေ့ကမနက်ကရယ်မနေ့ညရယ်၊ဒီမနက်ရယ်အဲဒီ ဖားကန့်ဆန်းကြွယ်နဲ့မော်တောင်းဘက်မှာတိုက်ပွဲဖြစ်တာ။စခတွေအယောက်သုံးဆယ်လောက် သေတယ်။ အကြီးအကျယ်ပဲ တော်တော်လေးအထိနာသွားတယ်။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖားကန့်နှင့် ဗန်းမော်တိုက်ပွဲ အခြေအနေများနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ဖားကန့်တိုက်ပွဲတွင်စစ်ကောင်စီတပ်ကလက်နက်ကြီးများရမ်းသမ်း ပစ် ခတ်နေ၍ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ဖြစ်စဉ်များ ဆက်တိုက်ရှိနေကြောင်းလည်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

Facebook