သတင်း ဒီးမော့ဆိုမှာ စာသင်နေတဲ့ကလေးငယ်တွေ ပုန်းခိုတဲ့ နေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ် ၂ဦး သေဆုံး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်နေတဲ့ ကလေးငယ် ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူတချို့က ပြောပါတယ်။ ludunwayooဇွန် 25, 2026
သတင်း မောင်တောမြို့ပေါ်ကို စစ်တပ် ဗုံးကြဲ၊ ထိခိုက်သူအချို့ရှိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း(နတလ)ကျောင်းဟောင်းအနီးဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဇွန်လ ၂၄ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သူအချို့ ရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ludunwayooဇွန် 25, 2026
သတင်း ချင်းတောင်ပိုင်း လေကြောင်းအပြင်းအထန် ဗုံးကြဲနေတာ စစ်တပ်အထိနာနေလို့ဟု ဒေသခံ ပြော အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်ကို နေ့စဉ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတာဟာ တိုက်ပွဲမှာ အထိနာနေလို့ ဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 23, 2026
သတင်း ကျင်ဒွေးမြို့ကို စစ်တပ် ညအချိန်ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာပြင်းထန် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။ ludunwayooဇွန် 21, 2026
သတင်း ကန်ပက်လက်မြို့ကို စစ်တပ်က လေကြောင်းနေ ၈ကြိမ် ဗုံးကြဲ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန်လ ၂၀ရက် နေ့လည်ပိုင်းနဲ့ မနက်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ ludunwayooဇွန် 21, 2026
သတင်း မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း ဗုံးသီး ၁၀၀ကျော် ကြဲတိုက်ခိုက် ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။ ludunwayooဇွန် 20, 2026
သတင်း ကျိုက်ထိုနယ်မှာ စစ်တပ် လေယာဉ်ဗုံးကြဲလို့ စျေးသည်အမျိုးသား သေဆုံး၊ ဇနီးဖြစ်သူ ဒဏ်ရာရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ဦး သေဆုံးပြီးသူ့ရဲ့ ဇနီးဖြစ်သူ ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 19, 2026
သတင်း မွန်တပ် NMSP ထိန်းချုပ်နယ်မြေအတွင်း နိပွန်ဖောင်ဒေးရှင်းဆောက်ပေးတဲ့ စစ်ရှောင်စခန်းကို စစ်တပ်ဗုံးကြဲ မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 19, 2026
သတင်း ကျောက်တော်မြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံး ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို ludunwayooဇွန် 18, 2026
သတင်း မင်းတပ်မြို့နယ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးအလုံး ၇၀ခန့် ကြဲတိုက်ခိုက် ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။ ludunwayooဇွန် 18, 2026