Connect with us

Hi, what are you looking for?

သတင်း

ပလက်၀မြို့နယ်ကိုစစ်တပ်ဗုံးကြဲ၊ ကလေးအပါအ၀င် ၅ ဦးသေ၊၁၇ ဦးဒဏ်ရာရ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ်ဗုံးကြဲလို့ ​သေဆုံးခဲ့တဲ့ က​လေးငယ်၂ ဦးအပါအဝင်ပြည်သူ​တွေ။ ဓါတ်ပုံ-ပလက်ဝတိုင်းမ်း)

“ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ တည့်တည့်ကျလာတာ၊ အားလုံးနီးပါးက ကလေးတွေပဲ”

— ဒေသခံ

ဩဂုတ်-၂၄၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ၂၄ ရက်၊နေ့လယ်၁၂နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်ငါးရာအပါအ၀င် ဗုံး ၁၁ လုံး ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲနေအိမ်တွေကိုကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

“နှစ်ချက်၊နှစ်ချက်စီနှစ်ခေါက်ကြားလိုက်ရတယ်။ကျွန်မတို့လည်းပုန်းလိုက်ရသေးတယ်။ အထိအခိုက်တွေများပါတယ်” လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၅ ဦးထဲမှာ အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါ၀င်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်ကနေ ၁၃ နှစ်ထိ ကလေးငယ် ၇ ဦးပါ၀င်ပါတယ်။

“ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ တည့်တည့်ကျလာတာ၊ အားလုံးနီးပါးက ကလေးတွေပဲ”လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။

စိမ့်ညှင်း၀ကျေးရွာဟာပလက်၀နဲ့ ရခိုင်ပြည်နယ် ကျောက်တော်ကြား ကားလမ်းပိုင်းမှာ တည်ရှိတာဖြစ်ပြီး အဲဒီဝန်း ကျင်မှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဂျက်ဖိုက်တာ၄စီးနေ့လယ် ၁၁ နာရီခွဲလောက်ကနေ ဝဲနေခဲ့ကာအခုလို ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

လက်ရှိမှာတော့ဗုံးကြဲမှုကြောင့်ထိခိုက်၊ သေဆုံးသူတွေကို နီစပ်ရာ ပို့ဆောင်၊ ဆေးကုသထားတယ်လို့ ဒေသခံအချို့က​ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ် ပလက်၀အပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းမှာ လည်း ဂျက်ဖိုက်တာတွေ ဝဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်ဟာပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ညကလည်း ပလက်၀မြို့နယ် ဆမီးမြို့ကို ‌ဗုံးကြဲတာကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၈ဦးဒဏ်ရာရခဲ့ပါတယ်။ဩဂုတ်လ၁၁ရက်မနက်ပိုင်းမှာလည်းပလက်

၀မြို့၊ မြို့ဝင်ဆိုင်းဘုတ်အနီးဝန်းကျင်ကို ဗုံးကြဲခဲ့ ပြီး ကလေးတဦးအပါအဝင် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

ဒါ့အပြင်မေလ၂၈ ရက်နေ့ကလည်းပလက်၀မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးလေးလုံး ကြဲချ၊ တိုက်ခိုက်ခဲ့တာကြောင့်အရပ်သားပြည်သူတဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ခု ဖေဖော်ဝါရလဆန်းပိုင်းမှာသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အပါအဝင် AA ထိန်းချုပ်ဒေသတွေ ကို လေကြောင်းကဗုံးကြဲတာတွေဆက်တိုက်လုပ်နေတာပါ။စစ်တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ဆေးခန်းတွေနဲဘာသာရေးအဆောက်အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်းကျူးလွန်နေဆဲဖြစ်တယ်လို့AAကဆိုပါတယ်။

အဲဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေအိမ်အဆောက်အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပြီး စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ်ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ထုတ်ပြန် သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော်(AA)ရဲ့ မြေပြင်ထိုးစစ်တွေနဲ့ ရင်ဆိုင်နေရချိန် ရှေ့တန်းတပ်ရင်းတွေနဲ့ တပ်စခန်းတွေကို အာဏာသိမ်းစစ်တပ်က အင်အားရာချီထပ်ဖြည့်နေသလို ဒေသခံရိုဟင်ဂျာတွေ ဖမ်းဆီးပြီး စစ်သင်တန်းပေးနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။