News လွိုင်ကော် စစ်ရှောင်များတိမ်းရှောင်ရာသို့ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ ထပ်မံတိမ်းရှောင်နေရ နားမခေါ်ရွာသည် ဒီးမော့ဆိုမြို့နယ်မှ ကျေးရွာဖြစ်ပြီး လွိုင်ကော်နှင့် ၁၀မိုင်ခန့်ဝေးသည်ဟု ဆိုသည်။ဇန်နဝါရီ ၁၀ရက်က ယင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့၍ လွိုင်ကော်စစ်ရှောင်များနှင့် ကျေးရွာခံများပါ ဒီးမော့ဆိုမြို့နယ်ရှိ အခြားနေရာသို့ ထပ်မံတိမ်းရှောင်ရသည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 11, 2022
News စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာတွေကြောင့် ကော့ကရိတ်တောင်ပိုင်းမှာ ရွာသားအများအပြားတိမ်းရှောင်နေရ "စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူရှင်တွေလိုအပ်တယ်။ အခြေခံရိက္ခာ ဆန်ဆီဆား စသည်ဖြင့်ပေါ့။ တစ်ကိုယ်ရေသုံးပစ္စည်း ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေးနဲ့ အဝတ်အစား၊ ဆေးဝါးတွေ လိုအပ်တယ်။ အခြေအနေဆိုးလာရင်တော့ စစ်ရှောင်တွေ ထပ်တိုးလာမှာပဲ" လို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။ LuduNwayOoဇန်နဝါရီ 9, 2022
News ကရင်မြေးအဖွားနှစ်ဦး စစ်ကောင်စီပစ်တဲ့လက်နက်ကြီးစထိမှန် အီဟယ်ကျေးရွာက အသက်(၈၈)နှစ်အရွယ်ရှိတဲ့ နော်နှင်းကြည်ရဲ့ ဝမ်းဗိုက်နဲ့ အသက်(၇)နှစ်အရွယ်ရှိတဲ့ စောစိုးလင်းဦးရဲ့ လည်ပင်းတို့မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ LuduNwayOoဇန်နဝါရီ 9, 2022
News MNDAA တပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေဟု ထုတ်ပြန် စစ်ကောင်စီအနေဖြင့် မုံးကိုးတိုက်ပွဲဖြစ်ပွားချိန်မှစပြီး လက်ရှိအချိန်ထိ ကြည်းတပ်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုမရှိသည့်အခြေအနေတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် သည်မှာ သုံးလေ့သုံးထရှိသည့် စစ်ပရိယာယ်တစ်မျိုးဖြစ်ကြောင်း MNDAAက ဆိုသည်။ LuduNwayOoဇန်နဝါရီ 9, 2022
News စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်လို့ ကော့ကရိတ်မှာတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ ဇန်နဝါရီ ၈ ရက် ညပိုင်းအချိန်က စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့အနီး ကမိုင်ကုန်းကျေးရွာက ဒေသခံပြည်သူတစ်ဦး သေဆုံးသွားခဲ့သလို တစ်ဦးထိမှန်ဒဏ်ရာရရှိသွားခဲ့တာပါ။ LuduNwayOoဇန်နဝါရီ 9, 2022
News စစ်ကောင်စီလက်နက်ကြီးနဲ့ပစ်လို့ ကော့ကရိတ်မှာပြည်သူ ၇ ဦးဒဏ်ရာရ ပစ်ခတ်မှုကြောင့် လူနေအိမ် ၄ လုံးနဲ့ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့ရပြီး အဲဒီလိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ကော့နွဲ့ကျေးရွာအုပ်စုအတွင်းက ဒေသခံတွေအတွက် လုံခြုံမှုမရှိတော့ပဲ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ LuduNwayOoဇန်နဝါရီ 8, 2022
News စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ လွိုင်ကော်မြို့ဒေသခံပြည်သူ ငါးဦးသေဆုံးဟု PKPF ထုတ်ပြန် မြို့တွင်းတိုက်ပွဲဖြစ်ပွားနေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ယနေ့(ဇန်နဝါရီ ၇ရက်)နံနက် အစောပိုင်းကတည်းက လက်နက်ကြီးများဖြင့် မြို့ပေါ်သို့ ရမ်းသန်းပစ်ခတ်နေသည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ၍ လွိုင်ကော်ဒေသခံ တစ်ဦးသေ လက်နက်ကြီးထိမှန်သေဆုံးသွားသူသည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးနှင့် ကလေးများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒေသအခြေစိုက် ကန္တရာ၀တီတိုမ်း သတင်းဌာနက ဖော်ပြသည်။ LuduNwayOoဇန်နဝါရီ 7, 2022
News စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၆ဦးဒဏ်ရာရ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ TNLAကလည်း ပြန်လည်ခုခံရာ နေ့လည်ပိုင်းတွင် မြို့အနီးဝန်းကျင်၌ တိုက်ပွဲ ဖြစ်ပွားနေသည်ဟုဒေသခံက ပြောသည်။ LuduNwayOoဇန်နဝါရီ 5, 2022
News နမ့်ခမ်းတွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲစဖြစ်၊ စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်၍ ကလေးငယ် ၂ဦး အပါအဝင် ၆ဦး ဒဏ်ရာရ TNLA အနေဖြင့် ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS)နှင့် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖြစ်ပွားများ ရှိနေချိန်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲမဖြစ်ရေး ရှောင်နေသော်လည်း နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင်ဒေသများ၌ စစ်ရေးတင်းမာနေခဲ့သည်ဟု ၎င်းက ဆိုသည်။ LuduNwayOoဇန်နဝါရီ 5, 2022