Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်​မြေးအဖွားနှစ်ဦး စစ်​ကောင်စီပစ်တဲ့လက်နက်ကြီးစထိမှန်

အီဟယ်ကျေးရွာက အသက်(၈၈)နှစ်အရွယ်ရှိတဲ့ နော်နှင်းကြည်ရဲ့ ဝမ်းဗိုက်နဲ့ အသက်(၇)နှစ်အရွယ်ရှိတဲ့ စောစိုးလင်းဦးရဲ့ လည်ပင်းတို့မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ဖားအံမြို့နယ်ထဲက မြေးအဖွားနှစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ ရက်ည ၇ နာရီကျော်အချိန်က အာဏာသိမ်းစစ်ကောင်စီရဲ့ စကခ(၈) ပိန္နဲတောစခန်းထဲကနေ လက်နက်ကြီး ၃ ချက်ခန့် ပစ်ခတ်ခဲ့လို့ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖားအံမြို့နယ် အီဟယ်ကျေးရွာမှာ​နေတဲ့ မြေးအဖွားနှစ်ဦးကို လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိသွားခဲ့တာပါ။

အီဟယ်ကျေးရွာက အသက်(၈၈)နှစ်အရွယ်ရှိတဲ့ နော်နှင်းကြည်ရဲ့ ဝမ်းဗိုက်နဲ့ အသက်(၇)နှစ်အရွယ်ရှိတဲ့ စောစိုးလင်းဦးရဲ့ လည်ပင်းတို့မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း စစ်ကောင်စီတပ် ပိန္နဲတောစခန်းထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့သေးလို့ ဖားအံမြို့နယ် ကျုံခနကျေးနယ်အုပ်စု ရှောက်ကုန်းကျေးရွာ လယ်ကွင်းမှာ ကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။