Connect with us

Hi, what are you looking for?

News

ကရင်​မြေးအဖွားနှစ်ဦး စစ်​ကောင်စီပစ်တဲ့လက်နက်ကြီးစထိမှန်

အီဟယ်ကျေးရွာက အသက်(၈၈)နှစ်အရွယ်ရှိတဲ့ နော်နှင်းကြည်ရဲ့ ဝမ်းဗိုက်နဲ့ အသက်(၇)နှစ်အရွယ်ရှိတဲ့ စောစိုးလင်းဦးရဲ့ လည်ပင်းတို့မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-ဖားအံမြို့နယ်ထဲက မြေးအဖွားနှစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ ရက်ည ၇ နာရီကျော်အချိန်က အာဏာသိမ်းစစ်ကောင်စီရဲ့ စကခ(၈) ပိန္နဲတောစခန်းထဲကနေ လက်နက်ကြီး ၃ ချက်ခန့် ပစ်ခတ်ခဲ့လို့ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖားအံမြို့နယ် အီဟယ်ကျေးရွာမှာ​နေတဲ့ မြေးအဖွားနှစ်ဦးကို လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိသွားခဲ့တာပါ။

အီဟယ်ကျေးရွာက အသက်(၈၈)နှစ်အရွယ်ရှိတဲ့ နော်နှင်းကြည်ရဲ့ ဝမ်းဗိုက်နဲ့ အသက်(၇)နှစ်အရွယ်ရှိတဲ့ စောစိုးလင်းဦးရဲ့ လည်ပင်းတို့မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်ကလည်း စစ်ကောင်စီတပ် ပိန္နဲတောစခန်းထဲကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့သေးလို့ ဖားအံမြို့နယ် ကျုံခနကျေးနယ်အုပ်စု ရှောက်ကုန်းကျေးရွာ လယ်ကွင်းမှာ ကျရောက်ပေါက်ကွဲခဲ့သေးတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook