သတင်း သရက်ချောင်းမှာ စစ်တပ်ကို KNLA ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်တပ်က နေအိမ် ၇၀ကျော်မီးရှို့ဖျက်ဆီး ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooအောက်တိုဘာ 1, 2025
သတင်း သရက်ချောင်းမှာ ရွာတွေကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ရပ်မိရပ်ဖတွေ လိုက်ရွေးပေးနေ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲမှာ ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးတာနဲ့ ဝင်ရောက်တပ်စွဲတာတွေလုပ်နေတဲ့ စစ်ကောင်စီတပ်တွေက ရပ်ရွာအလိုက်ရပ်မိရပ်ဖရွေးချယ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။ ludunwayooစက်တင်ဘာ 26, 2025
သတင်း သရက်ချောင်းမြို့နယ်တွင် စစ်တပ်က ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ် ၇၀ကျော် မီးရှို့ဖျက်ဆီး ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) နယ်မြေ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်)တွင် အာဏာသိမ်းစစ်တပ်က အရပ်သား ပြည်သူ ၂ဦး သတ်ဖြတ်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 29, 2025
သတင်း သရက်ချောင်းမှာ စစ်တပ်က နေအိမ်အလုံး ၇၀ ခန့်ကို မီးရှို့ဖျက်ဆီး တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ် တပ်က မိုးရွှေဂူရွာနဲ့ စော်ဖျားရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်အလုံး ၇၀ ခန့်ကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။ ludunwayooဩဂုတ် 26, 2025
သတင်း သရက်ချောင်းမြို့နယ် မင်းဒပ်ရွာရှိ စစ်ကောင်စီတပ်စွဲရာနေရာကို KNLA ပူးပေါင်းတပ် သိမ်းပိုက်ထိန်းချုပ် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ တခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ ထုတ်ပြန်သည်။ ludunwayooဇွန် 27, 2025
သတင်း စစ်ကောင်စီ၏သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲသပိတ်မှောက်ရန် သရက်ချောင်းတွင် လှုံ့ဆော်မှုပြုလုပ် တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၃၀)နံနက်က ပြုလုပ်ခဲ့သည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း သရက်ချောင်း၊ ပဲဒက်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ ကျော်အရှင်ဖမ်းမိ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။ LuduNwayOoမေ 8, 2024
သတင်း သရက်ချောင်းတွင် စစ်ကောင်စီတပ် ရှေ့ တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ် စီးနင်းတိုက်ခိုက် အထက်ပါ သရက်ချောင်းနယ်၊ ပဲဒက်ကျေး ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။ LuduNwayOoမေ 6, 2024
သတင်း သရက်ချောင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တန်းတိုက်ခိုက်ခံရ အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ် ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပူး ပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ LuduNwayOoဒီဇင်ဘာ 7, 2023
သတင်း သရက်ချောင်းမြို့မရဲစခန်းနှင့် ပျူစောထီးစခန်းတိုက်ခိုက်ခံရ သရက်ချောင်းမြို့မရဲစခန်းတိုက်ခိုက်မှုတွင် နှစ်ဖက်ပြန်လှန်ပစ်ခတ်မှု မိနစ် ၃၀ခန့်ဖြစ်ပွားပြီး မြို့ပေါ်ရှိစစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။ LuduNwayOoအောက်တိုဘာ 29, 2023