Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းတွင် စစ်ကောင်စီတပ် ရှေ့ တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ် စီးနင်းတိုက်ခိုက်

အထက်ပါ သရက်ချောင်းနယ်၊ ပဲဒက်ကျေး ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

(မြိတ်-ထားဝယ်လမ်းပိုင်း ပဲဒက်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းနေရာအား ဝေဟင်မှ တွေ့ရစဥ်။ ဓါတ်ပုံ-File Photo)
(မြိတ်-ထားဝယ်လမ်းပိုင်း ပဲဒက်ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းနေရာအား ဝေဟင်မှ တွေ့ရစဥ်။ ဓါတ်ပုံ-File Photo)

-ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းတစ်ခုကို KNLA၊ PDF ပူးပေါင်းတပ်များက မေ ၅နံနက်ပိုင်းကစတင်ပြီး စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း ပါဝင်တိုက်ခိုက်လျှက်ရှိသော တော် လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြော သည်။

မေ ၅နံနက် ၅ နာရီကျော်ကစပြီး သ ရက်ချောင်းနယ်၊ မြိတ်-ထားဝယ်ကားလမ်းဘေး ပဲဒက်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း ၂၇၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထားဝယ်ခရိုင် တပ်ရင်း ၁၊ တပ်ရင်း ၂၊ ဒေါနစစ်ကြောင်း၊ DGRF၊ DDT၊ ဒေါင်းညီ နောင်စစ်ကြောင်း စသည့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ နံနက် ၅ နာရီက စတယ်ဗျ။ တစ်နေကုန်ပဲ။ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်။ စကစဘက်က မနက်ပိုင်းတစ်ကြိမ်နဲ့ နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီကြားလောက်မှာ လေ​ယာဥ်နဲ့လာပစ်သွားတယ်” ဟုတိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပဲဒက်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းသည် ကမ်းရိုးတန်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၂၈၀ ​ခေလျင်တပ်ရင်း (ခလရ-၂၈၀) နှင့် ပျူစောထီးအဖွဲ့ပူးပေါင်းတပ်စွဲထားသည့် စခန်းကုန်းတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ စခန်းသိမ်းနိုင်ပြီးဟု သတင်းများထွက်ပေါ်နေသော် လည်း လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

“ ​ခြေနေတော့ သေချာမသိရသေးဘူးဗျ။ (စစ်ကောင်စီတပ်စခန်း)သိမ်းတော့ မသိမ်းနိုင်သေးဘူး” ဟု မြေပြင် တော်လှန်ရေးရဲဘော်တစ်ဦးက ယမန်နေ့(မေ ၅)ညပိုင်းတွင် လူထုနွေဦးမှ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

နှစ်ဖက်တိုက်ပွဲများ နှင့် စစ်ကောင်စီဘက်မှ လေ ကြောင်းပစ်ခတ်မှုများကြောင့် ပဲဒက်ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများဖြစ်သော တံခွန်တိုင်၊ ပိတောက်ကြီး၊ ကျောက်ဆည် စသည့်ကျေးရွာများရှိ ဒေသခံများပြည်သူအများအပြား ဘေးလွတ်ရာထွက် ပြေးနေကြရကြောင်း စုံစမ်းသိရသည်။

အထက်ပါ သရက်ချောင်းနယ်၊ ပဲဒက်ကျေး ရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကုန်းကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သွား ရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။