Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမှာ စစ်တပ်ကို KNLA ပူးပေါင်းတပ်တိုက်ခိုက်၊ စစ်တပ်က နေအိမ် ၇၀ကျော်မီးရှို့ဖျက်ဆီး

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

ကျောက်လှေကားရွာက ပြည်သူတွေရဲ့ နေအိမ် ၇၃လုံးကို မီးရှို့ ဖျက်ဆီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - KNU-MTU

စက်တင်ဘာ-၃၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်)မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်တယ်လို့ KNLA တပ်မဟာ(၄) သတင်းရင်းမြစ်က ပြောပါတယ်။

သရက်ချောင်းမြို့နယ် တောင်ပျောက်ကျေးရွာအုပ်စုအတွင်း စက်တင်ဘာ ၃၀ရက်မနက်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာလို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ခလရ(၄၀၃)တပ်ရင်း၊ (၄၀၄)တပ်ရင်းနဲ့ (၄၀၅) တပ်ရင်း ပူးပေါင်းစစ်ကြောင်းကို KNLA တပ်မဟာ(၄) တပ်ရင်း(၁၂၊ တော်လှန်ရေး ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

” ကြားဖြတ်ဝင်တိုက်တော့ သူတို့မှာတော့ ထိခိုက်ဒဏ်ရာရှိမယ်နဲ့တော့တူတယ်။ နောက်ဆုံးသတင်းအရတော့ သူတို့ ပြန်ဆုတ်သွားတော့ အဲဒီရွာထဲမှာ ကျေးရွာကိ မီးရှို့သွားတာ”လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်တပ်က တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျောက်လှေကားရွာက ပြည်သူတွေရဲ့ နေအိမ် ၇၃လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က အသိပေးပါတယ်။

“သူတို့က အထိနာတာပဲဖြစ်ဖြစ် မနာတာပဲဖြစ်ဖြစ် ဒါကတော့ သူတို့လုပ်ရပ်ပဲ။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုကို ဒီလတွေအတွင်းမှာ သူတို့ လုပ်ဆောင်တာ များတယ်” လို့ KNLA သတင်းရင်းမြစ်က စစ်ကောင်စီတပ်ကပြည်သူအပေါ် လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ ၊ ရွာတွေကို မီးရှို့တာ မကြာခဏ ကျူးလွန်နေတဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲတဲ့ နှစ်လတာအတွင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ပြည်သူ့နေအိမ်မီးရှို့မှုများ ဆက်တိုက်ပြုလုပ်လာနေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်ဖို့ ကြေညာပြီးတဲ့နောက်ပိုင်း သူတို့ တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် ထဲမှာရှိတဲ့ မြို့နယ်အချို့ပေါ့ ဒီဘက်မှာ ထားဝယ်ဘက်မှာသော်လည်းကောင်း တနင်္သာရီဘက်မှာသော် လည်းကောင်း ပြည်သူနေအိမ်တွေ ဗုံးကြဲတာ ကျေးရွာတွေမီးရှို့တာ”လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။