Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ် မင်းဒပ်ရွာရှိ စစ်ကောင်စီတပ်စွဲရာနေရာကို KNLA ပူးပေါင်းတပ် သိမ်းပိုက်ထိန်းချုပ်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ တခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော ခဲယမ်းများနှင့် စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU

ဇွန်-၂၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ တခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၂၆ရက်)နေ့လည်က သရက်ချောင်းမြို့နယ် မင်းဒပ်ရွာဘုန်းကြီးကျောင်း၌ အထိုင်ချတပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၂) လက်အောက်ခံ တပ်ခွဲ(၂)နှင့် တော်လှန်ရေးပူး‌ပေါင်းတပ်ဖွဲများက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော ခဲယမ်းများနှင့် စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင်(၅)ဦး‌သေဆုံးပြီး စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ဟု ထုတ်ပြန်ကာ သိမ်းပိုက်ရရှိသော စစ်သုံးပစ္စည်းများ မှတ်တမ်းကို ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မင်းဒပ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များသည် သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းသို့ ပြန်ဆုတ်ခွာသွားဟုဆိုသည်။ ထို့ကြောင့် မင်းဒပ်ရွာကို KNLA တပ်ခွဲ(၂)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဟု အသိပေးသည်။

မင်းဒပ်ရွာ တိုက်ပွဲနှင့် တပ်မဟာ(၄)နယ်မြေအတွင်း လက်ရှိ စစ်ရေးအခြေအနေများကို KNU ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

KNU တပ်မဟာ(၄) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်က ထားဝယ်ခရိုင်အတွင်းရှိ မြန်မာ-ထိုင်းနယ်စပ် ဘောဒီ စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဘောဒီစခန်းသိမ်းပိုက်ပြီးနောက် နယ်စပ်စခန်းတခုဖြစ်သည့် ငါးရံ့နီတပ်စခန်းမှ စစ်ကောင်စီတပ်များလည်း ဇွန်လ ၁၂ရက်တွင် စခန်းစွန့်ထွက်ပြေးသွားသည်။ KNU တပ်မဟာ(၄) ပူးပေါင်းတပ်များသည် မေလ အတွင်းက ထီးခီးနယ်စပ်စခန်း၊ ဧပြီလက ထီးထ ဗျူဟာစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ထို့ပြင် တနင်္သာရီ-မောတောင်လမ်းတွင်လည်း မောတောင်နယ်စပ်လမ်းကြောင်း ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို KNU တပ်မဟာ(၄) ပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ နှစ်ဝက်ကြာသည်အထိ စစ်ကောင်စီတပ်က လမ်းကြောင်း ပြန်လည် ထိန်းချုပ်နိုင်ခြင်းမရှိဘဲ တိုက်ပွဲများ ဆက်ဖြစ်နေသည်။

“စကစ က မောတောင်နယ်စပ်ကို ပြန်ထိန်းချုပ်ဖို့အတွက် တနင်္သာရီနဲ့ မောတောင်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးကို သူတို့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေ ထိုးနေတာတော့ ရှိတယ်။ ဒါပေမဲ့ သူတို့ စစ်ကြောင်း အပေါ်ကို တက်လို့မရသလို အောက်ကိုလည်း ပြန်လာလို့ မရတဲ့အပိုင်းတွေရှိတယ်”ဟု KNU ထားဝယ်ခရိုင် လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် စောအယ်ထီးကော်က မောတောင်နယ်စပ်လမ်းတွင် စစ်ကောင်စီတပ်ပိတ်မိနေသည့် အခြေအနေကို ယမန်နေ့က ပြောပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။