Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တန်းတိုက်ခိုက်ခံရ

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ် ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပူး ပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

(ထားဝယ်လူငယ်လက်ရုံးတပ်မှ ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ထားဝယ်လူငယ်လက်ရုံးတပ်)
(ထားဝယ်လူငယ်လက်ရုံးတပ်မှ ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ထားဝယ်လူငယ်လက်ရုံးတပ်)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ယာဥ်တန်းကို မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်လူငယ်လက်ရုံးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သရက်ချောင်းဘက်မှ ထားဝယ်မြို့နယ်ဘက်သို့ အိမ်စီးကားသုံးစီးဖြင့် မောင်းနှင်လာသော စစ်ကောင်စီတပ်သားများကို သရက်ချောင်းနယ် ရန်တောင်ရွာနှင့် ညောင်ဇင်ကျေးရွာအကြား၌ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီကျော်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ထားဝယ်နဂါးတပ်ခွဲ(၂)မှ ထုတ်လုပ်ထားသော မိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ၎င်းယာဥ်တန်း၏ နောက်ဆုံးကားဖြစ်သော ပရိုဘောက် ကားနောက်ပိုင်းမှာ မိုင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်” ဟု ထားဝယ်လူငယ်လက်ရုံးတပ်က အသိပေးသည်။

အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ်နှင့် ထားဝယ်နဂါးတပ် ခွဲ(၂)တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပူး ပေါင်းအဖွဲ့မှ ရဲဘော်များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ထားဝယ်လူငယ်လက်ရုံးတပ်မှ စစ်ကောင်စီတပ်အား တိုက်ခိုက်လျှက်ရှိရာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ ရက်ကလည်း မဟာမိတ်ညီနောင်များနှင့်ပူးပေါင်းပြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ စစ်ကောင်စီလက် အောက် ခံ ကျောက်မဲတောင်နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။