Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့မရဲစခန်းနှင့် ပျူစောထီးစခန်းတိုက်ခိုက်ခံရ

သရက်ချောင်းမြို့မရဲစခန်းတိုက်ခိုက်မှုတွင် နှစ်ဖက်ပြန်လှန်ပစ်ခတ်မှု မိနစ် ၃၀ခန့်ဖြစ်ပွားပြီး မြို့ပေါ်ရှိစစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

သရက်ချောင်းမြို့မရဲစခန်းနှင့် ပျူစောထီးစခန်းတိုက်ခိုက်ခံရ
သရက်ချောင်းမြို့မရဲစခန်းနှင့် ပျူစောထီးစခန်းတိုက်ခိုက်ခံရ

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့မရဲစခန်းနှင့် ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာရှိ ပျူစောထီးစခန်းတို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တပြိုင်နက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ယနေ့ (အောက်တိုဘာ ၂၉)အသိပေး ထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ ရက်နံနက် ၅နာရီခွဲက စစ်ကောင်စီလက်အောက်ခံ သရက်ချောင်းမြို့မရဲစခန်းနှင့် ထားဝယ်နယ်၊ ရောင်းမော်ရွာမှ ပျူစောထီးစခန်းတို့ကို သရက်ချောင်း(ပကဖ)အဖွဲ့ဝင်အဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တပြိုင်တည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“တပ်ရင်းနဲ့နီးတော့ ၁၀မိနစ်ကျော်လောက်တိုက်ခိုက်ပြီးချိန် တပ်ရင်းထဲမှ စကစတွေရောက်လာကြတယ်။ ပထမပစ်ခံရပြီး ပြန်ပြစ်တာသိပ်မရှိတော့ဘူးဗျ။ စကစတွေလာမှ ပြစ်သံတွေ တဆက်တည်းထွက်လာတာ”ဟု မြို့မရဲစခန်းတိုက်ခိုက်မှုအခြေအနေကို သရက်ချောင်း(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ သရက်ချောင်းမြို့မရဲစခန်းအား တိုက်ခိုက်ချိန်တွင် စခန်းအတွင်း ရဲအင်အား ၂၀ခန့်ရှိနေပြီး မကြာဏခ တိုက်ခိုက်ခံရမှုကြောင့် အရာရှိပိုင်းများမှာ စခန်းအပြင်သို့ သွားအိပ်ကြရာ လူကြီးပိုင်းများစခန်းတွင်းရှိမနေကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

သရက်ချောင်းမြို့မရဲစခန်းတိုက်ခိုက်မှုတွင် နှစ်ဖက်ပြန်လှန်ပစ်ခတ်မှု မိနစ် ၃၀ခန့်ဖြစ်ပွားပြီး မြို့ပေါ်ရှိစစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ပြီး မိမိတို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သရက်ချောင်း(ပကဖ) က အသိပေးသည်။

စစ်ကောင်စီတပ်များ၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ့နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲရာ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို သိရ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ များစွာစိတ်မကောင်းဖြစ်ခဲ့ရသည်ဟု ဖော်ပြသည်။

အထက်ပါ သရက်ချောင်းရဲစခန်းတိုက်ခိုက်မှုနှင့် တပြိုင်နက်တည်းတွင် သရက်ချောင်းမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ထားဝယ်မြို့နယ်၊ ရောင်းမော်ရွာပျူစောထီးစခန်းကို သရက်ချောင်း(ပကဖ)နှင့် ပူးပေါင်းတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​သည်။

“ထားဝယ်ပိုင်းက ရောင်းမော်၊ ကန်ုင်းဒါ၊ လည်ကုန်း၊ ကူးတို့၊ ကျောက်ရပ်တို့ဖက်က ပျူစောထီးတွေ စုပြီးစစ်ကူလာလေ့ရှိတယ်ဗျ။ စစ်ကူမရောက်လာအောင် ထိန်းထားနိုင်တာလောက်ဘဲရှိတယ်ဗျ။(ပျူစောထီး) ထိခိုက်မှု မရှိဘူး”ဟု ရောင်းမော်ပျူစခန်းတိုက် ခိုက်မှုနှင့်ပတ်သက်ပြီး သရက်ချောင်း(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အထက်ပါ တိုက်ခိုက်မှုများကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့ဝင်အဖွဲ့များဖြစ်သော ထားဝယ်နဂါးတပ် ခွဲ(၂)၊ ဒေါင်းမင်းစစ်ဆင်ရေး၊ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျား တပ်အဖွဲ့၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာ ကွယ်ရေးအဖွဲ့၊ ထားဝယ်လူငယ်လက်ရုံးတပ် နှင့် မဟာမိတ်ဖြစ်သော Dawei Defense Team နှင့် ထားဝယ်ပူးပေါင်းစစ်ကြောင်းတို့မှပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။