Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်း၊ ပဲဒက်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ ကျော်အရှင်ဖမ်းမိ

စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ
​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

▪︎စစ်တပ်ကကြည်း​၊ရေ​၊လေသုံးခုခံ​သော်လည်း ပဲဒက်စခန်းလက်​အောက်ခံစခန်း သုံးခုစလုံးကို​တော်လှန်​ရေးတပ်များသိမ်းပိုက်

ယောနသံ၊ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ စစ်ကောင်စီ၏ပဲဒက်စခန်းကို စစ်တပ်ကကြည်း​ရေ​လေသုံးခုခံ​သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လေးရက်ကြာထိုးစစ်ဆင်ပြီးနောက် ယနေ့(မေလ ၈ရက်) နံနက်တွင် သိမ်းပိုက်ယူရရှိခဲ့သည်။

“မေလ ၅ ရက် မနက်ကစပြီး တိုက်တာ။ စတိုက်ကတည်းကလေကြောင်းကရောလက် နက်ကြီးပါ ပစ်ပြီးခုခံတာ။ လေယာဉ်နဲ့ ဗုံးအလုံး ၁၀၀ ကျော်အထိ ကြဲတာ။ အခုက စခန်းကို ရပါပြီ။စခတွေဘက်က သေဆုံးတာများသလို အရှင်ဖမ်းမိတာလည်းအများကြီးရှိပါတယ်” ဟု ကာကွယ်ရေးရဲဘော်များနှင့်နီးစပ်​သောစစ်​ရေးရင်းမြစ်တစ်ဦးကပြောသည်။

ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ
ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ

ပဲဒက်တပ်စခန်းသည် သရက်ချောင်းမြို့၏ စစ်ကောင်စီအဓိကစခန်းဖြစ်သည်။စစ်‌ကောင်စီက K8W ဂျက်ဖိုက်တာနှင့် Mi-2 ရဟတ်ယာဉ်တို့ဖြင့် လေးရက်ဆက် ဗုံးကြဲချတိုက်ခိုက်ခဲ့သလို ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့မနက်အထိ လေကြောင်းကနေလာပစ်နေတာပါ။ အဲဒီကြားထဲကနေ စခန်းကိုသိမ်း ပိုက်ခဲ့တာပါ” ဟု PDF တစ်ဦးက People’s Spring သို့ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။

စခန်းကို အ​ပေါ်စီးမှမြင်​တွေ့ရပုံ
စခန်းကို အ​ပေါ်စီးမှမြင်​တွေ့ရပုံ

“ခရီးသွားပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေတဲ့ ပဲဒက်ခွေးခြံမှ အကောင်နှစ်ဆယ်ကျော်ထ္မင်းကျွေးပြုစုပြီး ကိုးကွယ်ဖို့. ပင့်ဆောင်”ဟု KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့် အသိပေးရေးသားထားသည်။

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီလက် အောက်ခံ ကျောက်ဆည်ပျူစခန်း၊ ပဲဒက်တပ်စခန်းနှင့် စစ်တပ်တပ်စွဲထားသောဝင်းဝရဲစခန်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်များက မေ ၅ ရက်နေ့နံနက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ
ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ

ထို့​ကြောင့် အဆိုပါ စစ်ကောင်စီလက်အောက် ခံ စခန်းသုံးခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်သုန့်ပန်းများအရှင်ဖမ်းမိခြင်း၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခြင်းများရှိခဲ့ကာ အခြေနေအသေးစိပ်ကို တောင်ပိုင်းစစ်ဒေသမှ အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးမှူးတစ်ဦးကလူထုနွေဦးသို့ ပြောကြားသည်။

(ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ၊ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် စခန်းကို အ​ပေါ်စီးမှမြင်​တွေ့ရပုံ။ ဓါတ်ပုံ-​ဒေဝ ၊CJ)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။