Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်း၊ ပဲဒက်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂၀ ကျော်အရှင်ဖမ်းမိ

စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။

​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ
​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

▪︎စစ်တပ်ကကြည်း​၊ရေ​၊လေသုံးခုခံ​သော်လည်း ပဲဒက်စခန်းလက်​အောက်ခံစခန်း သုံးခုစလုံးကို​တော်လှန်​ရေးတပ်များသိမ်းပိုက်

ယောနသံ၊ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ စစ်ကောင်စီ၏ပဲဒက်စခန်းကို စစ်တပ်ကကြည်း​ရေ​လေသုံးခုခံ​သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လေးရက်ကြာထိုးစစ်ဆင်ပြီးနောက် ယနေ့(မေလ ၈ရက်) နံနက်တွင် သိမ်းပိုက်ယူရရှိခဲ့သည်။

“ မေလ ၅ ရက် မနက်ကစပြီး တိုက်တာ။ စတိုက်ကတည်းကလေကြောင်းကရောလက် နက်ကြီးပါ ပစ်ပြီးခုခံတာ။ လေယာဉ်နဲ့ ဗုံးအလုံး ၁၀၀ ကျော်အထိ ကြဲတာ။ အခုက စခန်းကို ရပါပြီ။စခတွေဘက်က သေဆုံးတာများသလို အရှင်ဖမ်းမိတာလည်းအများကြီးရှိပါတယ်” ဟု ကာကွယ်ရေးရဲဘော်များနှင့်နီးစပ်​သောစစ်​ရေးရင်းမြစ်တစ်ဦးကပြောသည်။

ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ
ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ

ပဲဒက်တပ်စခန်းသည် သရက်ချောင်းမြို့၏ စစ်ကောင်စီအဓိကစခန်းဖြစ်သည်။စစ်‌ကောင်စီက K8W ဂျက်ဖိုက်တာနှင့် Mi-2 ရဟတ်ယာဉ်တို့ဖြင့် လေးရက်ဆက် ဗုံးကြဲချတိုက်ခိုက်ခဲ့သလို ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“ ဒီနေ့မနက်အထိ လေကြောင်းကနေလာပစ်နေတာပါ။ အဲဒီကြားထဲကနေ စခန်းကိုသိမ်း ပိုက်ခဲ့တာပါ” ဟု PDF တစ်ဦးက People’s Spring သို့ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကုန်တင်ကားပေါ်တင်၍ ကာကွယ်ရေးရဲဘော်များက ကုန်တင်ကားပေါ်တင်၍ ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။

စခန်းကို အ​ပေါ်စီးမှမြင်​တွေ့ရပုံ
စခန်းကို အ​ပေါ်စီးမှမြင်​တွေ့ရပုံ

“ ခရီးသွားပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေတဲ့ ပဲဒက်ခွေးခြံမှ အကောင်နှစ်ဆယ်ကျော်ထ္မင်းကျွေးပြုစုပြီး ကိုးကွယ်ဖို့. ပင့်ဆောင်” ဟု KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတဆင့် အသိပေးရေးသားထားသည်။

သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ပြည်ထောင်စုလမ်းပေါ်ရှိ စစ်ကောင်စီလက် အောက်ခံ ကျောက်ဆည်ပျူစခန်း၊ ပဲဒက်တပ်စခန်းနှင့် စစ်တပ်တပ်စွဲထားသောဝင်းဝရဲစခန်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်များက မေ ၅ ရက်နေ့နံနက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ
ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ

ထို့​ကြောင့် အဆိုပါ စစ်ကောင်စီလက်အောက် ခံ စခန်းသုံးခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်သုန့်ပန်းများအရှင်ဖမ်းမိခြင်း၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခြင်းများရှိခဲ့ကာ အခြေနေအသေးစိပ်ကို တောင်ပိုင်းစစ်ဒေသမှ အသိပေးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့ စစ်ဆင်ရေးမှူးတစ်ဦးကလူထုနွေဦးသို့ ပြောကြားသည်။

(ပဲဒက်တပ်စခန်းသိမ်းတိုက်ပွဲတွင် အရှင်ဖမ်းမိထားသော စစ်ကောင်စီတပ်သားများ၊ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် စခန်းကို အ​ပေါ်စီးမှမြင်​တွေ့ရပုံ။ ဓါတ်ပုံ-​ဒေဝ ၊CJ)

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။