News စစ်ကောင်စီလက်အောက်ခံ BGF တပ်စခန်းတစ်ခုကို KNU တပ်မဟာ(၆)သိမ်းပိုက် စစ်ကော်စီတပ်အနေဖြင့် KNU တပ်မဟာ(၆)နယ်မြေသို့ ထိုးစစ်ဆင်မှုများစတင်ပြုလုပ်လာ၍ ကော့ကရိတ်မြို့နယ်၌ ဩဂုတ် ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 26, 2021
News ဟားခါးနှင့် ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီတပ် အနည်းဆုံး သုံးဦးသေဆုံး CDF-Hakha နှင့် CDF-Zophei တို့ကပူးပေါင်းအဖွဲ့ တို့က နယ်မြေ ကျူးကျော်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဩဂုတ် 26, 2021
News ကုသမှုခံယူနေတဲ့ နိုင်/ကျဉ်းဟောင်းတစ်ဦးကို စစ်ကောင်စီက ဆေးရုံမှာဖမ်းဆီး "ဆေးရုံကို ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။ သူက အရိုးအကြောဆောင်မှာပါ။ (PDF)သင်တန်းဆင်း ပြန်လာတယ်လို့ စွပ်စွဲပြီးဖမ်းတယ်လို့ သိရပါတယ်"လို့ ကိုရန်ပိုင်စိုးရဲ့ မိတ်ဆွေတစ်ဦးက အတည်ပြုပါတယ်။ LuduNwayOoဩဂုတ် 26, 2021
News ဖယ်ခုံတွင် ပျူစောထီးအဖွဲ့က စစ်ကောင်စီတပ်ဆင်ပေးထားသည့်လက်နက်များဖြင့် ပြည်သူများအား ပစ်ခတ်ခြောက်လှန့်နေ ပျူစောထီးအဖွဲ့သည် ပြည်သူအချင်းချင်း သွေးခွဲသပ်သျှိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်အောင် ရန်တိုက်ပေးခြင်းဖြင့် အများပြည်သူများနှင့် သက်ဆိုင်သောနေရာများတွက်သာ ဖောက်ခွဲပြီး ပြည်သူများအား အထိန့်တလန့်ပြုလုပ်နေကြောင်း ဖော်ပြထားသည်။ LuduNwayOoဩဂုတ် 26, 2021
News KNU ထိန်းချုပ်နယ်မြေထဲ ဒီမနက် စစ်ကောင်စီလေယာဥ် ပျံဝဲတာတွေရှိနေ လတ်တလောမှာတော့ ကေအဲန်ယူ ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ နယ်မြေထဲမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ KNLA တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေပြီး ဒေသခံလူထုတွေ စိုးရိမ်ထိတ်လန့်မှုတွေ ကြုံနေရတယ်လို့ သိရပါတယ်။ LuduNwayOoဩဂုတ် 26, 2021
News စစ်ကောင်စီလေယာဉ်ပျံဝဲမှုများကြောင့် KNU တပ်မဟာ (၅)နယ်မြေတွင် လေကြောင်းအန္တရာယ် တပ်လှန့်ထား KNU တပ်မဟာ(၅)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်များကို စဉ်ဆက်မပြတ် ခုခံတိုက်ခိုက်နေသည့် တပ်မဟာတစ်ခုဖြစ်ပြီး လစဉ် တိုက်ပွဲနှင့် ပစ်ခတ်မှု ရာနှင့်ချီဖြစ်ပွားလျက်ရှိသည်။ LuduNwayOoဩဂုတ် 25, 2021
News အရာတော်မြို့နယ်မှ ကြွေပုဂံကျေးရွာကို စစ်ကောင်စီတပ်ဝင်ရောက်ဖျက်ဆီးပြီး ပြည်သူ ၁၀၀ ကျော်ဖမ်းဆီးထား လူ၁၀၀ကျော်အား ကြွေပုဂံရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးထားပြီး ဖုန်းများလည်း သိမ်းဆည်းထားသည်။ ရွာသူရွာသားများ ငိုယိုတောင်းပန်သော်လည်း အိမ်များကိုဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 25, 2021
News စစ်ရေးပြင်နေသည့်စစ်ကောင်စီကို ခုခံရန်ပြင်ဆင်နေပြီး ကျင့်ဝတ်စည်းကမ်းများလိုက်နာရေး PDF တပ်များကို ညွှန်ကြားထားဟု NUG ပြော အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက်တိုက်ပွဲပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေရာရက်တိုင်း၊ ရက်တိုင်းသည် ဒီဒေးဖြစ်ကြောင်း ဦးမိုးဇော်ဦးက ပြောဆိုထားသည်။ LuduNwayOoဩဂုတ် 25, 2021
News သာကေတမှတက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းခံရပြီးနောက်ရက်တွင် အလောင်းလာထုတ်ရန် မိသားစုထံအကြောင်းကြား တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဦးကျော်ခိုင်ဝင်းအား အဖမ်းခံရပြီးနောက်တစ်ရက်တွင် အလောင်းလားထုတ်ရန် စစ်ကောင်စီက မိသားစုထံအကြောင်းကြားခဲ့ကြောင်း သတင်းရရှိသည်။ LuduNwayOoဩဂုတ် 25, 2021
News KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီဆက်လက်ထိုးစစ်ဆင်၍ ယနေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှသုံးဦးသေ၊ ခြောက်ဦးဒဏ်ရာရ တားမြစ်နယ်မြေကျော်လွန်လာပါက တိုက်ပွဲဖြစ်နိုင်ကြောင်း KNUဘက်က သတိပေးထားသည့်ကြားမှ စစ်ကောင်စီတပ်က ဝင်ရောက်လာ၍ ယနေ့ညနေပိုငး၌ ကော့ကရိတ်မြို့နယ် ရေတွင်ဖြူနှင့်အံဖလေးရွာကြားတွင် တိုက်ပွဲ ၁နာရီခန့် ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 25, 2021