Connect with us

Hi, what are you looking for?

News

ရေစကြိုတွင် စစ်ကောင်စီသတင်းပေးတစ်ဦးအသတ်ခံရ၊ စစ်​ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခံရပြီး ဒဏ်ရာရ

ရေစကြို-ချောင်းဦးလမ်းပေါ် ဖူလုံရွာအနီးတွင် ရှိသော ၂၅၆ ၊ ၂၅၇ တပ်ရှေ့ရှိ စစ်ဆေးရေးဂိတ်အား အမည်မသိသေနတ်သမားများမှ ကား​ပေါ်မှပစ်ခတ်သွားရာ စစ်သားနှစ်ယောက် ဒဏ်ရာရပြီး တစ်ဦးမှာ ပြင်းထန်​ကြောင်း ​ဒေသခံများက ပြောသည်။

People's Spring
People's Spring

မကွေးတိုင်း ပခုက္ကူခရိုင်ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး အမျိုးသားတစ်ဦးအား ရေစကြို PDF နှင့် MG6 ပြောက်ကျားတပ်တို့ပူးပေါင်းကာ သုတ်သင်ခဲ့ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

ဇီးတောစံပြကျေးရွာမှ ဦးသန်းဌေးသည် ယနေ့(သြဂုတ် ၂၇ ရက်)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်းနယ်ခံများက ပြောသည်။

ဦးသန်းဌေးသည် စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်ပြီး ၎င်း၏ တူဖြစ်သူ ဇီးတောရွာအုပ်ချုပ်ရေးမှုးနှင့်အတူ စစ်ကောင်စီတပ်များနှင့်ပူးပေါင်းကာ ရေစကြို PDF စခန်းအား သတင်းပေး ပါဝင်ခဲ့သူတစ်ဦးဖြစ်​ကြောင်း၊ ထို့ကြောင့် ရေစကြိုPDF နှင့် မြင်းခြံမြို့နယ်က MG6 ပြောက်ကျားတပ်တို့ပူးပေါင်းကာ သုတ်သင်ခဲ့ကြောင်း အဆိုပါအဖွဲ့ကယ​နေ့ သတင်းထုတ်ပြန်ခဲ့သည်။

ယနေ့နံနက်ပိုင်းကလည်း ရေစကြိုမြို့တွင် စစ်ကောင်စီတပ်သားများစောင့်ဆိုင်းနေသည့် စစ်ဆေးရေးဂိတ်အား သေနတ်သမားများမှ ပစ်ခတ်မှုဖြစ်ပွားရာ စစ်သား နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ​​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ရေစကြို-ချောင်းဦးလမ်းပေါ် ဖူလုံရွာအနီးတွင် ရှိသော ၂၅၆ ၊ ၂၅၇ တပ်ရှေ့ရှိ စစ်ဆေးရေးဂိတ်အား အမည်မသိသေနတ်သမားများမှ ကား​ပေါ်မှပစ်ခတ်သွားရာ စစ်သားနှစ်ယောက် ဒဏ်ရာရပြီး တစ်ဦးမှာ ပြင်းထန်​ကြောင်း ​ဒေသခံများက ပြောသည်။

ထိုအပြင် စစ်ကောင်စီတပ်များသည် ရေစကြိုမြို့နယ်အတွင်း လှည့်လည်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက ပညင်းရွာထိပ် ရွာဇရပ်အနီးရှိ ကွမ်းယာဆိုင်နှင့် လက်တောက်ခုံဝိုင်းသို့ ရောက်ရှိလာကာ သေနတ် အချက်၂၀ ဝန်းကျင်ပစ်ဖောက်ခဲ့ကြောင်း၊ လက်တောက်ခုံဝိုင်းရှိ ရွာသား ၁၀ ယောက်ထက်မနည်း ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ကယ် ၁၅စီးခန့်ကိုလည်း သိမ်းဆည်းသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။