Connect with us

Hi, what are you looking for?

News

ရေစကြို PDF တပ်စခန်းဝင်စီးရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်သူ တစ်ဦးသုတ်သင်ခံရ

ရေစကြိုမြို့နယ် ဇီးတော စံပြကျေးရွာမှ ဒလန်သန်းဌေးအား ရေစကြို PDFနှင့် မြင်းခြံပြောက်ကျားတပ်(MG6) ပြောက်ကျားတပ်တို့ ပူးပေါင်း သုတ်သင်ခဲ့သည်ဟု ဖော်ပြထားသည်။

ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အခြေစိုက်စခန်းအား စစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သူတစ်ဦးကို သုတ်သင်ခဲ့ကြောင်း ရေစကြို PDFက ယနေ့ ထုတ်ပြန် သည်။

ရေစကြိုမြို့နယ် ဇီးတော စံပြကျေးရွာမှ ဒလန်သန်းဌေးအား ရေစကြို PDFနှင့် မြင်းခြံပြောက်ကျားတပ်(MG6) ပြောက်ကျားတပ်တို့ ပူးပေါင်း သုတ်သင်ခဲ့သည်ဟု ဖော်ပြထားသည်။

အဆိုပါ ဒလန်သန်းဌေးသည် ၎င်း၏ တူဖြစ်သူ ဇီးတော အုပ်ချုပ်ရေးမှူးနှင့်အတူ ရေစကြို PDF စခန်းများအား ဝင်ရောက်ရာတွင် စစ်ကောင်စီနှင့် ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်ဟု ရေစကြို PDFက ထုတ်ပြန်သည်။

ဩဂုတ် ၁၉ရက်က ရေစကြို PDF အခြေစိုက် စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်အနည်းငယ်နှင့် ပစ္စည်းများသိမ်းဆည်းခံရပြီး စခန်းနှင့် ရိက္ခာများ မီးရှို့ဖျက်ဆီးခံခဲ့သည်။ သို့​သော် PDF တပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမှု ကျဆုံးမှု မရှိကြောင်း ရေစကြို PDFက ထုတ်ပြန်ခဲ့သည်။ ရေစကြိုမြို့နယ်တွင် တိုက်ပွဲဖော်ရန် အချိန်မကျသေးခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တိုက်ပွဲခေါ်သံအား စောင့်ဆိုင်းနေခြင်းတို့ကြောင့် စခန်းအားစွန့်ခွာကာ တပ်ဆုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ စခန်းတိုက်ခိုက်ခံရပြီးနောက်တစ်ရက်၌ပင် ရေစကြို မြို့နယ်လျှပ်စစ်ရုံးနှင့် ပခန်းကြီးနယ်မြေရဲစခန်း အပါအဝင် နေရာသုံးခုကို ဗုံးခွဲခဲ့ကြောင်း ရေစကြို PDFက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။