Connect with us

Hi, what are you looking for?

News

မုံးကိုးဒေသခံများအား စစ်ကောင်စီက စားနပ်ရိက္ခာဖြတ်တောက်ထားဟု ကိုးကန့်အဖွဲ့ပြော

ကိုးကန့်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လက ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး ဇူလိုင်လအစောပိုင်းမှ စ၍ မူဆယ်မြိုကနယ် မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ဩဂုတ်လတွင် ပန်ဆိုင်း ဒေသ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

မုံးကိုးဒေသသို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်က ဒေသခံများ၏ စားနပ်ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ထားကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် မုန်းကိုးဒေသ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂လခန့် ကြာမြင့်နေပြီး စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်သည်။ ဒေသတွင်း တိုက်ပွဲများဖြစ်ပွားခြင်းနှင့် ကျေးရွာအချို့၏ စားနပ် ရိက္ခာလမ်းကြောင်းကို စစ်ကောင်စီက ဖြတ်တောက်ထားခြင်းတို့ကြောင့် ဒေသခံများအခက်အခဲ ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

(မုံးကိုးဒေသရှိပြည်သုများအား မုံးကိုးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စားနပ်ရိက္ခာများပေးအပ်နေစဥ်၊ ဓါတ်ပုံ – The Kokang)

ဒေသခံများကြုံနေရသည့်အခြေအနေနှင့်ပတ်သက် ၍ အထူးဒေသ၁ မုံးကိုးခရိုင် ပြည်သူ့အုပ်ချူပ်ရေး အဖွဲ့မှ မုံးကိုးဒေသ တွင်းပြည်သူများ၏ စားနပ်ရိက္ခာလမ်း ကြောင်း ပြသနာဖြေရှင်းပေးခဲ့ကြောင်း ကိုးကန့်အဖွဲ့၏ သတင်းဌာနက ယနေ့ ဖော်ပြသည်။

စစ်ကောင်စီ ၏လမ်းကြောင်းဖြတ်တောက်မှုကြောင့် ဒေသခံပြည်သူ များ ဝယ်ယူထားသည့် ဆန် များ သည် ဒေသခံများထံရောက်ရှိရန် ကြန့်ကြာနေခြင်းကို ဩဂုတ် ၂၇ရက်က မုံးကိုးခရိုင် အုပ်ချူပ်ရေး အဖွဲ့၏ကူညီမှုကြောင့် ဆန်များ ပြည်သူလူထုလက်သို့ ရောက်ရှိပြီဖြစ်ကြောင်း၊ လာမည့်အချိန်ကာလ အပိုင်း အခြားတခုအထိ ဒေသခံပြည်သူ များအား စားနပ်ရိက္ခာလမ်းကြောင်း အခက်ခဲဖြစ်နေမှုအား ဖြေရှင်းပေးမည်ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် စစ်ဘေး ဒုက္ခ သည်များအားကူညီမည့်အစီစဥ်ကိုလည်းဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟုဆိုသည်။

ကိုးကန့်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လက ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲအချို့ဖြစ်ပွားခဲ့ပြီး ဇူလိုင်လအစောပိုင်းမှ စ၍ မူဆယ်မြိုကနယ် မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ဩဂုတ်လတွင် ပန်ဆိုင်း ဒေသ၌ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီက​နေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူပေးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတွေ ဒီကနေ့ (သြဂုတ် ၂၀) က ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်