Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့က မြို့နယ်နှစ်ခုမှာ မ​နေ့ညက စစ်​ကောင်စီတပ်​တွေက ပြည်သူ​တွေကိုပစ်ခတ်ဖမ်းဆီးမှုတွေလုပ်၊ အမျိုသားတစ်ဦး​သေဆုံး

သေဆုံးသူဟာ ဦးသိန်းမင်းထွန်းဆိုသူဖြစ်ပြီး ၎င်းဟာ ၁၂၁ လမ်းမှာ ပေါင်မုန့်ရောင်းသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့က မြို့နယ်နှစ်ခုမှာ ယမန်​နေ့ညက အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပစ်ခတ်ဖမ်းဆီးတာတွေကျူးလွန်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ​ပြောပါတယ်။

ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့မြို့နယ်တွေကတော့ မင်္ဂလာတောင်ညွန့်နဲ့ ကမာရွတ်မြို့နယ်တွေဖြစ်ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ ဖမ်းဆီးခံရသူ အနည်းဆုံးလေးဦးရှိတယ်လို့ စုံစမ်းသိရပါတယ်။

မင်္ဂလာတောင်ညွန့်ဖြစ်စဉ်မှာ မ​နေ့ည ၉ နာရီဝန်းကျင်မှာ ၁၂၂ လမ်းသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး လမ်းအတွင်းသို့သေနတ်များဖြင့်ပစ်ခတ်တာကြောင့် ၁၂၁ လမ်းမှ ပေါင်မုန့်ရောင်းတဲ့အမျိုးသားတစ်ဦး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ ဦးသိန်းမင်းထွန်းဆိုသူဖြစ်ပြီး ၎င်းဟာ ၁၂၁ လမ်းမှာ ပေါင်မုန့်ရောင်းသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ကမာရွတ်မြို့နယ်မှာလည်း (၃)ရပ်ကွက်နဲ့ (၁)ရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေက ည ၁၂ နာရီခန့်မှာ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

(၃) ရပ်ကွက်ထဲဝင်ရောက်ရှာဖွေရာမှာ မြနန္ဒာလမ်းနဲ့ ထန်းတပင်လမ်းတွေကို ဝင်ရောက်ခဲ့ပြီး ပြည်သူသုံးဦးအဖမ်းခံရတဲ့အပြင် စစ်တပ်ကားပေါ်မှာ အဖမ်းခံထားရသူတစ်ဦးလည်း ရှိနှင့်နေတာတွေ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေကိုကိုးကားပြီး ကမာရွတ်မြို့နယ်ရဲ့ KMY-Info က ဖော်ပြပါတယ်။

ရပ်ကွက်အတွင်းဖမ်းဆီးခံရသူသုံးဦးအနက် နှစ်ဦးကို သွေးထွက်သံယိုဖြစ်တဲ့အထိ ရိုက်နှက်နှိပ်စက်တာတွေ ကျူးလွန်ခဲ့သလို အနီးဝန်းကျင်တိုက်ခန်းတွေကို ခဲနဲ့ပေါက်တာ လေးခွနဲ့ပစ်ခတ်တာတွေပါရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook