News စစ်ကောင်စီတပ်က လွိုင်ကော်ဒေသခံ ရှစ်ဦးကို သတ်ဖြတ်ပြီး အိမ်သာကျင်းဟောင်းအတွင်း စွန့်ပစ် လက်ရှိ လွိုင်ကော်မြို့အခြေအနေများအရ စစ်ကောင်စီတပ်က အရပ်သားများကို သတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေ၍ နေရပ်မပြန်ရဲသေးဟု လွိုင်ကော်မြို့ခံက ပြောသည်။ စစ်ကောင်စီတပ်လက်ချက်ကြောင့် ယခုလအတွင်း လွိုင်ကော်ဒေသခံ ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း ၎င်း ကဆိုသည်။ LuduNwayOoဇန်နဝါရီ 28, 2022
News မန္တလေးက ရွှေဆိုင်၂ ဆိုင်ကို ဓားပြတိုက်သွားသူတွေကိုမိပြီလို့ စစ်ကောင်စီထုတ်ပြန် ဓားပြတိုက်မှုကတော့ မောသစ်နဲ့ ဝိန့်လီရွှေဆိုင်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ နဲ့ ဒီဇင်ဘာလတွေထဲက ဖြစ်ခဲ့တာပါ။ LuduNwayOoဇန်နဝါရီ 28, 2022
News စစ်ကောင်စီတပ်သားတစ်ဦး ထပ်မံလာရောက်ပူးပေါင်းဟု KNU တပ်မဟာ(၅) ထုတ်ပြန်၊ အာဏာသိမ်းပြီးနောက် တပ်မဟာ(၅)ထံခိုလှုံသည့် စစ်ကောင်စီတပ်သား ၅၀ကျော်အထိရှိလာ ရှေ့တန်းတပ်စခန်းမှ အရာရှိများ၏ အနိုင်ကျင့်မှုနှင့် စားနပ်ရိက္ခာပြတ်လပ်မှုတို့ကြောင့် ခမရ(၄၃၉) အခြေစိုက်ရာ စောမူပလောစခန်းအား စွန့်ခွာကာ လက်နက်သုံးလက်နှင့်အတူ ပူးပေါင်းလာခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၅)က ဇန်နဝါရီ ၇ရက်တွင် ထုတ်ပြန်ထားသည်။ LuduNwayOoဇန်နဝါရီ 28, 2022
News မြို့ပြပျောက်ကြားအဖွဲ့များကမုံရွာမြို့ အနှံ့ရှိစစ်ကောင်စီထောက်တိုင် ၁၄ နေရာထက်မနည်းဗုံးခွဲတိုက်ခိုက် ဗိုလ်တေဇလမ်း My Tel တာဝါတိုင်ဖောက်ခွဲမှုတွင် စက်များထိခိုက်ပျက်စီးသွားသည်ဟုသိရကြောင်း၊ ထပ်မံပေါက်ကွဲနိုင်သည့်နေရာများရှိနေသေးသည့်အတွက် နောက်တိုးစာရင်း ကျန်ရှိနေသေးကြောင်း မြို့ပြပျောက်ကြားအဖွဲ့များက ပြောသည်။ LuduNwayOoဇန်နဝါရီ 28, 2022
News စစ်ကောင်စီထုတ်ကုန်များရောင်းချသည့် မန္တလေးမြို့ရှိ KTVနှင့် ဘီယာဆိုင်နှစ်ဆိုင် သတိပေးတိုက်ခိုက်ခံရ တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးတိုက်ခိုက်မှုကိုခံရသည့် KTV နှင့် ဘီယာဆိုင်များနှင့် အခြားသောဆိုင်များအနေဖြင့် စစ်ကောင်စီတပ်၏ထုတ်ကုန်များကို ရောင်းချခြင်းမပြုဘဲ ပြည်သူ့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ကြရန် ထပ်မံသတိပေးတိုက်တွန်းထားသည်။ LuduNwayOoဇန်နဝါရီ 28, 2022
News မိုးညှင်းနယ်တွင် စစ်ကောင်စီယာဉ်များကို KIAနှင့် PDF တိုက်ခိုက် အင်အား ၅၇ဦးခန့်ပါ စစ်အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများတင်ဆောင်လာသော စစ်ကား ၂စီးကို KIAက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoဇန်နဝါရီ 27, 2022
News အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ် ထောက်ပို့ယာဥ်တန်း သုံးကြိမ်ဆက်တိုက်ခိုက်ခံရ၊ အသေအပျောက်များနိုင်ဟုဆို "ကားနဲ့ စခများ အထိအခိုက် အကျအဆုံးများနိုင်ပြီး ဒဏ်ရာရတဲ့ စခတွေကိုလည်း ကားနဲ့တင်သွားကြောင်း သိရပါတယ်။ မိမိတို့ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်"ဟု IR က ထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 27, 2022
News အရာတော်နယ် ဘော်ကုန်းကျေးရွာမှ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူလေးဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ဟု ARA ထုတ်ပြန် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီး သတ်ဖြတ်ခြင်းခံရသူလေးဦးမှာ ဦးဖိုးသောင်း(၆၀)နှစ်၊ ကိုဆန်းလင်း(၃၇)နှစ်၊ ကိုဝေလင်းအောင်(၂၆)နှင့် မောင်ဖြိုးဝေစိုး(ခ)မောင်ကုလား(၁၀)နှစ်တို့ အသီးသီးဖြစ်ကြောင်း ARA က ထုတ်ပြန် သည်။ LuduNwayOoဇန်နဝါရီ 27, 2022
News မင်းလှမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီးမှုကိုမခံလို၍ ကိုယ်တိုင်အဆုံးစီရင် "Mission လုပ်ရန် ပြင်ဆင်နေစဉ် စစ်ခွေးများနဲ့ ထိပ်တိုက်ရင်ဆိုင်မိ၍ အဖမ်းမခံဘဲ ၊မိမိကိုယ်ကို ဗုံးဖြင့်ဖေါက်ခွဲကာ ကျဆုံးသွားခြင်းဖြစ်ပါတယ်"ဟု Triangle 3T PDF က ထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 27, 2022
News ရွှေဘိုနယ် ရွာစိုးရွာတွင် စစ်ကောင်စီတပ်က နေအိမ်များအပြင် စပါးကျီနှင့် စပါးရိတ်ခြွေစက်များကိုပါ မီးရှို့ဖျက်ဆီးသွား စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်လာခြင်းကြောင့် ရွာစိုးရွာခံများ အနီး ပတ်ဝန်းကျင် ဘေးကင်းရာသို့တိမ်းရှောင်ခဲ့ရပြီး ယနေ့အထိ နေအိမ်များသို့ မပြန်ရဲသေးဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 27, 2022