Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်တွင် စစ်​ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ရာ​သေဆုံးထိ့ခိုက်မှုများဟု ညီ​နောင်မဟာမိတ်များအဖွဲ့ ထုတ်ပြန်

“ဝမ်းသာမျက်ရည်တောင် ကျတယ် ရဲဘော်တွေအားလုံး။အစီအစဥ်ထဲကအတိုင်း ဖြစ်လာလို့ အားလုံးလဲ ပျော်နေကြတယ်။”ဟုမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ၏ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

(ညီ​နောင်မဟာမိတ် အဖွဲ့ဝင်တပ်သားများ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျေးရွာများသို့စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်ကောင်စီတပ်အား မဟာမိတ်၃ဖွဲ့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများပြားကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော အင်အား (၅၀) ခန့်သည် မြောင်မြို့နယ် တမဆေးကန်ရွာ၌ ညအိပ်တပ်စွဲ၍ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်းက ပြန်လည်ထွက်ခွာလာရာ ထို စစ်ကြောင်းကို နဘက်တာ တစ်နေရာတွင် 27 Revolution Forces(မြင်းခြံ)၊ Myaung Special People’s Defense Force – MSPDF ၊ Myaung Generation Guerilla Force
(MGGF)ညီနောင်မဟာမိတ်(၃)ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအားမိုင်း (၃)လုံးဖြင့်ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များကထုတ်ပြန်သည်။

(ညီ​နောင်မဟာမိတ် အဖွဲ့ဝင်တပ်သားများ)

ထိုစစ်ဆင်ရေးတွင် မိုင်းများပေါက်ကွဲ၍ မိုင်းစများသည် အင်အား(၅၀)စစ်ကြောင်းအလယ်ဗဟိုအား ထိမှန်သဖြင့်စစ်​ကောင်စီတပ်သားလေးဦးနေရာတွင်ပင်ငိုက်ကနဲလဲကျသွားပြီး ကျန်စစ်သားများ မှောက်ရက်ပက်လက်ကျအနေအထားများဖြင့်လဲကျကာ ဒဏ်ရာအပြင်းအထန်(၂၀)ဝန်းကျင်ခန့် ဖြင့် ကျေးရွာတစ်ရွာတွင် ကုသနေကြောင်း၊ အလောင်းများကိုလည်း ဆွဲ၍ တစ်နေရာတွင် မြုပ်ထားခဲ့ကြောင်း သတင်းရရှိထားသည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထား သည်။

“ဝမ်းသာမျက်ရည်တောင် ကျတယ် ရဲဘော်တွေအားလုံး။အစီအစဥ်ထဲကအတိုင်း ဖြစ်လာလို့ အားလုံးလဲ ပျော်နေကြတယ်။”ဟုမြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ၏ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

(ညီ​နောင်မဟာမိတ် အဖွဲ့ဝင်တပ်သားများ)

သေဆုံးသူ အကြမ်းဖက်စစ်သားဦးရေထပ်တိုးလာသည်ဟုသိရပြီး သတင်းထပ်မှန်တင်ပြသွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်းကျေး​ရွာ အများစုတွင်စစ်ကြောင်းထိုးတပ်စွဲနေကြောင်း၊ ဖောက်ခွဲခဲ့သော မိုင်းများသည် ပြည်သူလူထုလှူထားသောအလှူငွေများဖြင့်သာထုတ်လုပ်သုံးစွဲနေသော မိုင်းများဖြစ်ကြောင်း မဟာမိတ်အဖွဲ့များကအသိပေးသည်။

မဟာမိတ်ညီနောင်တပ်ဖွဲ့များသည် ဇန်နဝါရီလ ၁၉ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ မိုးတောင်ရွာနှင့်ငါန်းမြာကြီးရွာ ကြားတွင် အကြမ်းဖက်စစ်တပ်စီးလာသော ဆိုင်ကယ်၂စီးကို မိုင်း၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးခဲ့သည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှထွက်လာသော အကြမ်းဖက်စစ်တပ်ကားတစ်စီးအား ဆီမီးခုံမြို့တောင်ဘက် ကတောရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။