စစ်ကောင်စီဘက်မှ လေးဦးသေ၊ အများအပြားဒဏ်ရာရ
တိုက်ပွဲဖြစ်ပွားမှုများတွင် ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ငါးရက်ဆက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အနည်းဆုံးလေးဦးသေဆုံးကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦး ပျောက်ဆုံးပြီးအဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဇန်နဝါရီ ၁၉ ရက်
ဇန်နဝါရီ ၁၉ရက် နံနက် ၇ နာရီခန့် ရေဖြူမြို့နယ်ရဲအိုင်ရွာတွင် စစ်ကောင်စီကားတန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတစ်စီးမိုင်းထိမှန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement
အလားတူ ယင်းနေ့နံနက် ၉ နာရီ ၂၀ မှ ၉ နာရီ ၄၅ အထိ မြစ်မတက်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိသော်လည်း အတည်မပြုနိုင်သေးဟု ထုတ်ပြန်ချက်က ဆိုသည်။
အဆိုပါ မြစ်မတက်တိုက်ပွဲတွင် တော်လှန်ရေး ရဲဘော်တစ်ဦး လက်မောင်းသေနတ်ငယ်ထိမှန်ပြီး အရိုးကြေဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၂၀ ရက်
ဇန်ဝါရီ ၂၀ ရက်က ကုလားချောင်းကျေးရွာ
အနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ နံနက် ၇ နာရီ ၁၀ မိနစ်မှ ၈ နာရီခွဲအထိ ၁နာရီကျော် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လေးဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်အကျအဆုံး မရှိခဲ့ပေ။

ဇန်နဝါရီ ၂၁ ရက်
ဇန်နဝါရီ ၂၁ ရက်တွင်မူ ဟာမြင်းကြီးကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန်မှာ နံနက် ၁၁ နာရီ ၄၅ မှ နေ့လယ် ၁၂ ရီအထိဖြစ်ကြောင်း ထားဝယ်ခရိုင်းပူးပေါင်းတပ်က ထပ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ နှစ်ဦးထိခိုက်ဒဏ်ရာရပြီး တိုက်ပွဲရပ်နားခဲ့သော်လည်း ညနေပိုင်း၌ ဆက်လက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာမှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
ဇန်နဝါရီ ၂၂ ရက်
ဇန်နဝါရီ ၂၂ ရက်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ နံနက် ၈ နာရီ ၁၅ တွင် တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီ ၄၅ တွင် တစ်ကြိမ်နှင့် ညနေ ၅ နာရီကျော်တွင်တစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်အသိပေးသည်။
အဆိုပါတိုက်ပွဲမှာ ရေဖြူမြို့နယ် မြေးခန္ဓီးရွာအနီးဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးရှိနိုင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦး အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးခဲ့သည်ဟု ထုတ်ကြန်ချက်တွင် ဖော်ပြသည်။
ဇန်နဝါရီ ၂၃ ရက်
အလားတူ ဇန်နဝါရီ ၂၃ ရက်တွင်လည်း စစ်ကောင်စီတပ်မှ ကားနှစ်စီးကို ကလုံးထာကျေးရွာအနီး မိုင်းခွဲ့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုတွင် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိက်ကျဆုံးမှုမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။


















































