Connect with us

Hi, what are you looking for?

News

မြောင်တွင်စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်မှု အနည်းဆုံးသုံးဦး​သေပြီး ၂၀ ဦးထက်မနည်းဒဏ်ရာရဟုMSPDF ​ပြော

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာ စောင့်ကြည့် တိုက်ခိုက်မှုများအနက် ယနေ့ (ဇန်နဝါရီ ၂၈ ရက်)နေ့လည်ပိုင်း တိုက်ခိုက်မှုမှာ အထိရောက်ဆုံးဖြစ်ကြောင်းလည်း ဗိုလ်မုန်တိုင်းက ​ပြောသည်။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံးသုံးဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Myaung Special People’s Defense Force – MSPDF မှ ဗိုလ်မုန်တိုင်းက People’s Spring သို့ပြောသည်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာ စောင့်ကြည့် တိုက်ခိုက်မှုများအနက် ယနေ့ (ဇန်နဝါရီ ၂၈ ရက်)နေ့လည်ပိုင်း တိုက်ခိုက်မှုမှာ အထိရောက်ဆုံးဖြစ်ကြောင်းလည်း ဗိုလ်မုန်တိုင်းက ​ပြောသည်။

ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် အင်အား (၅၀) ခန့်ပါစစ်ကောင်စီ၏ ခြေလျင်တပ်ကို နဘက်တာ ရွာ အနီး ၌ မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းသုံးလုံးအနက် တစ်လုံးသည် စစ်​ကောင်စီတပ်ခြေလျင်စစ်ကြောင်း၏ အလယ် ဗဟို တည့်တည့်၌ ပေါက်ကွဲ ခဲ့သဖြင့် စစ်ကောင်စီတပ်သားများ အထိနာခဲ့ရခြင်းဖြစ်သည်ဟု ဗိုလ်မုန်တိုင်းကရှင်းပြသည်။

Public Service Announcement

Public Service Announcement

“တစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းထိုးတာကို အရင်ကတည်းက ကျွန်တော်တို့ ကြားဖြတ်တိုက်တာတွေရှိခဲ့တယ်။ဒီလောက် မထိရောက်ခဲ့ဘူး။ ဒီနေ့ က တော်တော်ကို အခြေအနေကောင်းခဲ့တယ်။စစ်သားတွေ အလောင်းသုံးလောင်းကို ဖြစ်စဥ် အနီးမှာ မြှုပ်ထားတယ်လို့ လတ်တလောသိရတယ်။ဒဏ်ရာရတဲ့သူ ၂၀ ကျော်ကိုလည်း နဘက်တာ ရွာထဲထည့်ပြီး ကုနေတယ်ဆိုတာ အတိအကျ ရထားတယ်”ဟု ၎င်းကဆက်ပြောသည်။

ယနေ့တိုက်ခိုက်မှုကို 27 Revolution Forces (မြင်းခြံ)၊ Myaung Special People’s Defense Force – MSPDF နှင့် Myaung Generation Guerilla Force(MGGF)ညီနောင်မဟာမိတ်(၃)ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟုလည်း အသီးသီးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့