Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်တွင်စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်မှု အနည်းဆုံးသုံးဦး​သေပြီး ၂၀ ဦးထက်မနည်းဒဏ်ရာရဟုMSPDF ​ပြော

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာ စောင့်ကြည့် တိုက်ခိုက်မှုများအနက် ယနေ့ (ဇန်နဝါရီ ၂၈ ရက်)နေ့လည်ပိုင်း တိုက်ခိုက်မှုမှာ အထိရောက်ဆုံးဖြစ်ကြောင်းလည်း ဗိုလ်မုန်တိုင်းက ​ပြောသည်။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံးသုံးဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Myaung Special People’s Defense Force – MSPDF မှ ဗိုလ်မုန်တိုင်းက People’s Spring သို့ပြောသည်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာ စောင့်ကြည့် တိုက်ခိုက်မှုများအနက် ယနေ့ (ဇန်နဝါရီ ၂၈ ရက်)နေ့လည်ပိုင်း တိုက်ခိုက်မှုမှာ အထိရောက်ဆုံးဖြစ်ကြောင်းလည်း ဗိုလ်မုန်တိုင်းက ​ပြောသည်။

ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် အင်အား (၅၀) ခန့်ပါစစ်ကောင်စီ၏ ခြေလျင်တပ်ကို နဘက်တာ ရွာ အနီး ၌ မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းသုံးလုံးအနက် တစ်လုံးသည် စစ်​ကောင်စီတပ်ခြေလျင်စစ်ကြောင်း၏ အလယ် ဗဟို တည့်တည့်၌ ပေါက်ကွဲ ခဲ့သဖြင့် စစ်ကောင်စီတပ်သားများ အထိနာခဲ့ရခြင်းဖြစ်သည်ဟု ဗိုလ်မုန်တိုင်းကရှင်းပြသည်။

Public Service Announcement

Public Service Announcement

“တစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းထိုးတာကို အရင်ကတည်းက ကျွန်တော်တို့ ကြားဖြတ်တိုက်တာတွေရှိခဲ့တယ်။ဒီလောက် မထိရောက်ခဲ့ဘူး။ ဒီနေ့ က တော်တော်ကို အခြေအနေကောင်းခဲ့တယ်။စစ်သားတွေ အလောင်းသုံးလောင်းကို ဖြစ်စဥ် အနီးမှာ မြှုပ်ထားတယ်လို့ လတ်တလောသိရတယ်။ဒဏ်ရာရတဲ့သူ ၂၀ ကျော်ကိုလည်း နဘက်တာ ရွာထဲထည့်ပြီး ကုနေတယ်ဆိုတာ အတိအကျ ရထားတယ်”ဟု ၎င်းကဆက်ပြောသည်။

ယနေ့တိုက်ခိုက်မှုကို 27 Revolution Forces (မြင်းခြံ)၊ Myaung Special People’s Defense Force – MSPDF နှင့် Myaung Generation Guerilla Force(MGGF)ညီနောင်မဟာမိတ်(၃)ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟုလည်း အသီးသီးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။