Connect with us

Hi, what are you looking for?

News

တင့်ကားပါ​​သောစစ်​ကောင်စီတပ်ယာဉ်တန်းအား ဟိုပင် PDFတိုက်ခိုက်၊ စစ်ကောင်စီတပ်၁၀ဦးထက်မနည်း သေဆုံး

ယမန်နေ့ကလည်း မိုးညှင်းနှင့် အင်းတော်မြို့နယ်တို့တွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်တို့က ၃ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များနိုင်သည်ဟု သိ့ရသည်။

(ဟိုပင် PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-ဟိုပင် PDF)

ကချင်ပြည်နယ်မိုးညှင်းမြို့မှ မိုးကောင်းမြို့သို့ တက်လာသည့် တင့်ကားများပါဝင်​သောစစ်ကောင်စီတပ်ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဟိုပင်)က ယ​နေ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း PDF(ဟိုပင်) ကထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၂၈ရက်) နံနက် ၁၁ နာရီခန့်တွင် တင့်ကားပါသည့် စစ်ယာဉ်တန်းကို ငါးမိုင်နှင့် ကြာကြီးကွင်း တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ဟိုပင် PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-ဟိုပင် PDF)

ထို့အပြင် ဟိုပင် တိုးဂိတ်အနီးတွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။သို့​သော် PDF ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဟိုပင် PDFက ထုတ်ပြန်သည်။

ယမန်နေ့ကလည်း မိုးညှင်းနှင့် အင်းတော်မြို့နယ်တို့တွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်တို့က ၃ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု များနိုင်သည်ဟု သိ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်