News ဖာပွန်မှာစစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးပစ်သတ်ခံရ ဒီကနေ့ မနက် ၈ နာရီကျော်အချိန်က ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းအောင်ဟာ ဈေးကနေအပြန် နေအိမ်ရှေ့အရောက်မှာ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ လေးချက်ပစ်ခတ်သွားခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ LuduNwayOoအောက်တိုဘာ 9, 2021
News မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းနှင့် စစ်ကောင်စီထိန်းချုပ်ထားသော ဘဏ်နှစ်ဘဏ်ကို အီးယူက ပိတ်ဆို့ဒဏ်ခပ်ရန် ဥရောပလွှတ်တော်တိုက်တွန်း အောက်တိုဘာ ၇ ရက်တွင် ဥရောပလွှတ်တော်က မြန်မာ့အရေးနှင့်ပတ်သော ဆုံးဖြတ်ချက် ၃၃ ချက်ချမှတ်ခဲ့ပြီး ထိုထဲတွင် မြန်မာ့စစ်ဗိုလ်ချုပ်များ၏ အဓိကဝင်ငွေရလမ်းကို ပိတ်ဆို့ဒဏ်ခပ်ရန်ပါဝင်ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 9, 2021
News အင်းတော်ကြီးရှိ KIAရှေ့တန်းနယ်မြေသို့ စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ တနိုင်း လီဒိုလမ်း၌ နေစဉ်နီးပါးတိုက်ပွဲဖြစ် “အခုတလောကတော့ ရသတ္တပတ်အတွင်းမှာတော့ လီဒိုလမ်းဘက်မှာ နေ့တိုင်းလိုလို ခြုံခိုတိုက်ပွဲတွေ မိုင်းဆွဲတဲ့ တိုက်ပွဲတွေရှိတယ်။ အဲဒီဘက်မှာများ သူတို့ထိခိုက်တာများတာလားပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ LuduNwayOoအောက်တိုဘာ 9, 2021
News ထီးချိုင့်တွင် စစ်ကောင်စီတပ်က ပြည်သူငါးဦးထက်မနည်းကိုဖမ်းဆီး ၊ဒေသခံတော်လှန်ရေးအဖွဲ့နှင့်ပစ်ခတ်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေ ထီးချိုင့်မြို့တွင်း မြို့ပြင်နေရာများကို စစ်ကောင်စီအင်အားအများအပြားက အောက်တိုဘာ၈ရက်ညတွင် ဝင်ရောက်ရှာဖွေခြင်း ၊စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က ယနေ့ သတင်းထုတ်ပြန်သည်။ LuduNwayOoအောက်တိုဘာ 9, 2021
News စစ်ကောင်စီတပ်ကို ဆောPDFက ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ PDF- SAWဘက်မှ လက်နက်ကြီးဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ပူးပေါင်းတော်လှန်ရေးအင်အားစုများ၏ မိုင်းများမိကာ စစ်ကောင်စီတပ်သားငါးဦးထက်မနည်း ကျဆုံးနိုင်ပြီး၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာမှုရှိသည်ဟု PDF -Sawက ခန့်မှန်းသည်။ LuduNwayOoအောက်တိုဘာ 9, 2021
News စစ်ကောင်စီနှင့်တွေ့ဆုံဆွေနွေးရေး လက်ခံနိုင်ရန် အခြေအနေမရှိဟု KNPP စစ်ဦးစီးချုပ်ပြော “ကရင်နီတပ်မတော်ကနေ ဆုံးဖြတ်ချက်ဖြစ်ပါတယ်ခင်ဗျ”ဟု စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ကရင်နီတပ်မတော်မှတာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ LuduNwayOoအောက်တိုဘာ 9, 2021
News အာရှလမ်းအနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမအနီးက ဒေါနတောင်ခြေတစ်နေရာမှာ ဖြစ်ပွားခဲ့တာပါ။ LuduNwayOoအောက်တိုဘာ 9, 2021
News ထန်တလန်မြို့ ပစ်ခတ်မှုတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေ၊ စစ်ကောင်စီတပ် ပြည်သူပိုင်ပစ္စည်းများခိုးယူဖျက်ဆီးလျှင်တွေ့သည့်နေရာ ပစ်သတ်မည်ဟုCDF ထန်တလန်ထုတ်ပြန် ထန်တလန်မြို့တွင် စက်တင်ဘာအတွင်းက အကြမ်း ဖက်စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးဖြင့်ပစ်ခတ် ဖျက်ဆီးသောကြောင့် မြို့ပေါ်လူနေအိမ်များစွာ ပျက်စီးခဲ့ရပြီး မြို့ပေါ်ပြည်သူများအားလုံးနီးပါးမှာလည်း မိမိတို့အိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ရသည်။ LuduNwayOoအောက်တိုဘာ 9, 2021
News ပို့ကုန်ရငွေများကိုရက် ၃၀ အတွင်းမရောင်းလျှင်အရေးယူရန် စစ်ကောင်စီ၏ဗဟိုဘဏ်စီစဥ်၊ ပို့ကုန်လုပ်ငန်းများအပေါ်ကန့်သတ်မှုကြောင့် ဒေါ်လာဈေးပိုတက်နိုင်ဟု လုပ်ငန်းရှင်အချို့သုံးသပ် “ဒီလိုလုပ်လာမယ်ဆိုတာ သိပြီးသားပါ။ ဒီလိုမဖြစ်နိုင်တဲ့ တင်းကျပ်မူလုပ်ရင် နောက်ပိုင်းဘယ်သူမှ နိုင်ငံခြားကို ပို့ကုန်ပို့ကြတော့မှာမဟုတ်ဘူး” ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 9, 2021
News KIA နှင့်စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲသုံးကြိမ်ဖြစ် KIA တပ်မဟာ(၂)တပ်ရင်း (၁၄)နယ်မြေ နောင်းမှီကျေးရွာဟောင်းတွင် စစ်ရေးလှုပ်ရှား ဝင်ရောက်လာသည့် အာဏာသိမ်းစစ်တပ်ကို အောက်တိုဘာ၈ရက် နံနက် ၇ နာရီ ၁၅မိနစ်ခန့်တွင် KIAက ခုခံတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။ LuduNwayOoအောက်တိုဘာ 9, 2021