Connect with us

Hi, what are you looking for?

News

ဖာပွန်မှာစစ်​ကောင်စီခန့်အုပ်ကြီးတစ်ဦးပစ်သတ်ခံရ

ဒီကနေ့ မနက် ၈ နာရီကျော်အချိန်က ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းအောင်ဟာ ဈေးကနေအပြန် နေအိမ်ရှေ့အရောက်မှာ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ လေးချက်ပစ်ခတ်သွားခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

People's Spring
People's Spring

ကရင်ပြည်နယ်ထဲ စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှုးတစ်ဦး​ သေနတ်နဲ့ပစ်ခံရပြီး​သေဆုံးသွားပါတယ်။

ဖာပွန်ခရိုင် ကမမောင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။ အဲဒီ အုပ်ချုပ်ရေးမှူးကို ဆိုင်ကယ်နဲ့လူနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒီကနေ့ မနက် ၈ နာရီကျော်အချိန်က ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ် ၃ ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းအောင်ဟာ ဈေးကနေအပြန် နေအိမ်ရှေ့အရောက်မှာ လူနှစ်ယောက်က ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ လေးချက်ပစ်ခတ်သွားခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

” ပြောပုံအရ မနက်ဈေးကိုလာပြီး အပြန်မှာ သူ့နောက်ကိုလိုက်လာတာ ။ သူ့အိမ်ထိရောက်ပြီးမှ ပစ်တယ်။ ပစ်ပြီးတာနဲ့ တောထဲဘက်ကို ပြန်ထွက်သွားတယ် ဆိုင်ကယ်နဲ့ ။ သူ့ကိုပဲမကျေနပ်တာလား တစ်ခုခုလား။ စကားများတာရှိတာလား လောလောဆယ်တော့မသိသေးဘူး။ သူ့အိမ်က တောရကျောင်းအဝင်ဘက်မှာ။ သေနတ်က တကယ့်အကောင်းစား။ အရာရှိတွေကိုင်တဲ့သေနတ်မျိုး။ ကျည်ဆံအခွံကို ကြည့်ပြီးပြောတာ။ သေနတ်က အသံတိုးတယ်။ ကပ်ပြီးတော့ ပစ်တာ” လို့ ကမမောင်းမြို့ခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကမမောင်းမြို့ပေါ်မှာ အခုလို စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်နဲ့ လုပ်ကြံပစ်ခတ် သတ်ဖြတ်သွားတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ကမမောင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဗျုဟာတပ်စခန်းတစ်ခုရှိနေပြီး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် အမှတ် ၁၀၁၄ တပ်ရင်းတည်ရှိရာမြို့လည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

Facebook