Connect with us

Hi, what are you looking for?

News

DKBA အရာရှိတစ်ဦးနေအိမ်ရောက်နေတဲ့ ထိုင်းသွားအလုပ်လုပ်မယ့် မြန်မာလုပ်သား တစ်ရာကျော်ကို စစ်ကောင်စီတပ်ဖမ်းဆီး

အလုပ်သမားတွေဖမ်းမိခဲ့တဲ့အိမ်က NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)အရာရှိတစ်ဦးရဲ့ နေအိမ်ဖြစ်ပါတယ်။

People's Spring
People's Spring

မြဝတီမြို့က နေအိမ်တစ်အိမ်မှာ ထိုင်းနိုင်ငံကို သွားရောက်မယ့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့တွေက မနေ့ညက စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ မြို့ခံတစ်ဦးထံကနေ သိရပါတယ်။

အလုပ်သမားတွေဖမ်းမိခဲ့တဲ့အိမ်က NCA လက်မှတ်ထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA)အရာရှိတစ်ဦးရဲ့ နေအိမ်ဖြစ်ပါတယ်။

အောက်တိုဘာ ၈ ရက် ည ၁၀ နာရီခွဲအချိန်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံရပ် မချောလေးကုန်းလမ်းမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု (DKBA)တပ်ရဲ့ ဒုရင်းမှူးအဆင့်ရှိတဲ့ ကျော်ဖိုးဝါးရဲ့နေအိမ်မှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် တိုင်းနဲ့ ပြည်နယ်ဒေသအသီသီးက ရွှေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ်လို့ အမာခံသတင်းပေးတွေကနေတစ်ဆင့် စစ်ကောင်စီက သတင်းရရှိသွားခဲ့တာပါ။

အဲ့ဒီလို သတင်းရရှိပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီတပ်အပါအဝင် ရဲ၊ လဝက ပူပေါင်းအဖွဲ့တွေနဲ့ ဒီကေဘီအေ ဒုရင်းမှူးနေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာမှာ ပဲခူး မန္တလေး ဧရာဝတီ မကွေး စစ်ကိုင်း ရန်ကုန် မွန်နဲ့ ကရင်ပြည်နယ်အတွင်းက နေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း (၁၁၂) ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

စစ်ဆေးတွေ့ရှိရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုတော့ မြဝတီမြို့က ရွှေမြဝတီစောင့်ကြည့်ရေးစခန်းမှာ ခေတ္တထိန်းသိမ်းထားရှိတယ်လို့ စစ်ကောင်စီရဲထံကနေ သိရပါတယ်။

ဒီကေဘီအေ အရာရှိနေအိမ်ထဲမှာ စစ်ဆေးတွေ့ရှိထားရတဲ့ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေကို စစ်ကောင်စီက ဆက်လက်စစ်ဆေးနေပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို လက်ခံထားရှိထားတဲ့ ဒီကေဘီအေဒုရင်းမှူးကို အရေးယူမှု တစ်စုံတစ်ရာမရှိသေးဘူးလို့ ကြားသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်