Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်လာ​​သော်လည်းစစ်​ကောင်စီက ဝန်ထမ်းများကိုမဖြစ်မ​နေရုံးတက်ရန်ဖိအား​ပေး​​နေ

“ရုံးတွေ မဖြစ်မနေတက်ရမယ်တဲ့။ မတက်ရင် CDM စာရင်းသွင်းမယ်ဆိုပြီး ဖိအားပေးနေတယ်” ဟု ဦးစီးအရာရှိအဆင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများ​ပြင်းထန်နေချိန်တွင် တိုင်းအတွင်းရှိ စစ်​​ကောင်စီလက်​အောက်မှဌာနဆိုင်ရာဝန်ထမ်းများကို မဖြစ်မနေ ရုံးတက်ရန် ဖိအားပေးနေ​ကြောင်း ကာယကံရှင်ဝန်ထမ်းအချို့က ပြောသည်။

“ရုံးတွေ မဖြစ်မနေတက်ရမယ်တဲ့။ မတက်ရင် CDM စာရင်းသွင်းမယ်ဆိုပြီး ဖိအားပေးနေတယ်” ဟု ဦးစီးအရာရှိအဆင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

ဒေသဆိုင်ရာ PDFများ၏ ခုခံစစ်ကြောင့် စစ်ကောင်စီအထိနာနေသည့် စစ်ကိုင်းတိုင်းဒေသကြီးကို ထိုးစစ်ဆင်ရန် စစ်ကောင်စီက ပြင်ဆင်နေသည်။ PDFများကလည်း ခုခံစစ်ကို ယခင်ကထက် ထိထိရောက်ရောက် တုန့်ပြန်လာသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေ့စဥ် သုတ်သင်ရှင်းလင်းနေသည်။ ဒေသတွင်း၌ စစ်ရေးတင်းမာနေစဥ် မဖြစ်မနေရုံးတက်ခိုင်းနေသည့် စစ်ကောင်စီ၏လုပ်ရပ်သည် စိတ်ပျက်စရာကောင်းကြောင်း Non CDM ဝန်ထမ်းအချို့က ပြောသည်။

စစ်ကိုင်းတိုင်း ဒေသအသီးသီးရှိ PDFများက စစ်ကောင် စီအား ခုခံစစ်အရှိန်မြှင့်တော့မည်ဖြစ်၍ ရုံးဝန်ထမ်းများ ရုံးမတက်ကြရန်နှင့် လူထုအနေဖြင့် ရုံးဌာနများနှင့် အနီးဝန်းကျင်ကို ရှောင်ရှားကြရန် သတိပေး ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။