Connect with us

Hi, what are you looking for?

News

မြန်မာ့​ရေနံနှင့်သဘာဝဓါတ်​ငွေ့လုပ်ငန်းနှင့် စစ်​ကောင်စီထိန်းချုပ်ထား​သော ဘဏ်နှစ်ဘဏ်ကို အီးယူက ပိတ်ဆို့ဒဏ်ခပ်ရန် ဥ​ရောပလွှတ်​တော်တိုက်တွန်း

အောက်တိုဘာ ၇ ရက်တွင် ဥရောပလွှတ်တော်က မြန်မာ့အရေးနှင့်ပတ်သော ဆုံးဖြတ်ချက် ၃၃ ချက်ချမှတ်ခဲ့ပြီး ထိုထဲတွင် မြန်မာ့စစ်ဗိုလ်ချုပ်များ၏ အဓိကဝင်ငွေရလမ်းကို ပိတ်ဆို့ဒဏ်ခပ်ရန်ပါဝင်ခြင်းဖြစ်သည်။

ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံကို မြန်မာ့စစ်ကောင်စီအား အဓိက နိုင်ငံခြားငွေ ရှာဖွေပေးနေသည့် မြန်မာ့​ရေနံနှင့်သဘာဝဓါတ်​ငွေ့လုပ်ငန်း- MOGEနှင့် ဘဏ်နှစ်ကို ပိတ်ဆို့အရေးယူဒဏ်ခပ်ရန် ဥရောပလွှတ်တော်က ဥရောပသမဂ္ဂကောင်စီ တိုက်တွန်းလိုက်သည်။

အောက်တိုဘာ ၇ ရက်တွင် ဥရောပလွှတ်တော်က မြန်မာ့အရေးနှင့်ပတ်သော ဆုံးဖြတ်ချက် ၃၃ ချက်ချမှတ်ခဲ့ပြီး ထိုထဲတွင် မြန်မာ့စစ်ဗိုလ်ချုပ်များ၏ အဓိကဝင်ငွေရလမ်းကို ပိတ်ဆို့ဒဏ်ခပ်ရန်ပါဝင်ခြင်းဖြစ်သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က စစ်ကောင်စီအတွက် အဓိကငွေကြေးရှာဖွေပေးနေပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မူဘဏ်(MFTB)နှင့် မြန်မာ့ရင်းနှီးမြှပ်နှံမူနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့သည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေကြေး စုဆောင်းပေးနေ​ကြောင်း ဥရောပလွှတ်တော်က ဆိုသည်။ ထိုကြောင့် အဆိုပါဘဏ်နှစ်ခု၏ ပိုင်ဆိုင်မူများကို ထိန်းသိမ်းရန်နှင့် နိုင်ငံတကာငွေလွှဲလုပ်ငန်းတွေကို ပိတ်ဆို့ရမည်ဟု ဥရောပလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဥရောပလွှတ်တော်က ဥပရောသမဂ္ဂကောင်စီ၏ အကြမ်းဖက်စစ်​ခေါင်း​ဆောင်များအပေါ် ဦးတည်၍ ပစ်မှတ်ထားပိတ်ဆို့ခြင်း၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ပိတ်ဆို့ခြင်းတို့ကို ကြိုဆိုကြောင်းလည်းမှတ်တမ်းတင်ထားသည်။ သို့သော်လည်း အဆိုပါ လုပ်ငန်းများအပြင် စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းဖြစ်သည့် MOGEကို ဒဏ်ခတ်ပိတ်ဆို့မည့်စာရင်းထဲထည့်သွင်းရမည်ဟု ဥရောပလွှတ်တော်ကတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

“ဒီပုံစံအတိုင်းဆိုရင် စစ်တပ်ကို အရေးယူတာတွေက ပိုတိုးလာမယ့်သဘောပေါ့။ ရင်းနှီးမြှပ်နှံသူတွေအတွက်လည်း အာမခံချက်မရှိတော့ဘူး။ ဒေါ်လာ ဘီလီယံချီရင်းနှီးမြှပ်နှံထားတဲ့ ရေနံကုမ္ပဏီတွေအတွက် အတော်လေး ကျင်းထဲ ကျပ်ထဲရောက်သွားလိမ့်မယ်”ဟု ရေနံလုပ်ငန်းမှ လုပ်သက် ၃၀ ရှိ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

MOGEသည် ပြင်သစ်ကုမ္ပဏီ Total ၊ အမေရိကန်ကုမ္ပဏီ Chevron ၊ကိုရီးယားကုမ္ပဏီ Pasco ၊ဩစတြေးလျရေနံကုမ္ပဏီ Woodside ၊ဂျပန်ကုမ္ပဏီ Nippon Oil ၊ ထိုင်းကုမ္ပဏီ PTT ၊ အိန္ဒိယကုမ္ပဏီများ ONGCနှင့် GAIL စသည့်တို့ဖြင့် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။

ရေနံနှင့်သဘာဝဓာတ်ကဏ္ဍသည် မြန်မာနိုင်ငံအတွက် အဓိက ဝင်ငွေရလမ်းဖြစ်ပြီး လက်ရှိတွင် ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက် လေးခုရှိသည်။ ကုန်တွင်းလုပ်ကွက်များလည်းရှိသည်။ MOGEသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ အစိုးရပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ MOGEက တစ်နှစ်လျှင် မြန်မာကျပ်ငွေ ဘီလီယံ ၂၃၀၀ကျပ်(ဒေါ်လာ ၁ ဒသမ ၄ဘီလီယံ) ကျော်ဝင်ငွေရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။