Connect with us

Hi, what are you looking for?

LuduNwayOo

News

ပခုက္ကူမြို့နယ်မှ စစ်​ကောင်စီခန့်အုပ်ကြီးများ​အောက်တိုဘာ၁၀ရက်မှစတင်နှုတ်ထွက်ရန် PDF-PKU သတိ​ပေး

ပြည်သူလူထုများအနေဖြင့်လည်းအရေးတော်ပုံအမြန်‌ဆုံးအောင်နိုင်ရေးအတွက် PDFအဖွဲ့၀င်များ၊ တော်လှန်ရေးအင်အားစုများအား တတ်စွမ်းရာကဏ္ဍမှ ဝိုင်း၀န်းပူးပေါင်းဆောင်ကြပါရန် အသိပေးသည်။

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများ လာမည့် အောက်တိုဘာလ ၁၀ ရက်မှစပြီး အကြမ်းဖက်စစ်ကောင်စီနှင့် မပူးပေါင်းဘဲ ပြည်သူလူထုဘက်ရပ် တည်ရန် ပခုက္ကူမြို့နယ် ပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့ PDF-PKUက သတိပေးလိုက်သည်။

ပခုက္ကူမြိူ့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ စစ်ကောင်စီအလိုကျဆက်လက်တာ၀န်ထမ်းဆောင်လျှက်ရှိသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုး များအနေဖြင့် အောက်တိုဘာလ ၁၀ ရက်မှ စတင်၍ အာဏာလုအကြမ်းဖက်အဖွဲ့နှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်ခြင်းမပြုဘဲ ပြည်သူလူထုနှင့် အမြန်တစ်သားတည်း ရပ်တည်‌ဆောင်ရွက် သွားကြရန် ပခုက္ကူမြို့နယ် ပြည်သူ့ကာကာကွယ်ရေးတပ်ဖွဲ့ PDF-PKUက သတိပေးလိုက်သည်။

အကယ်၍ စစ်ကောင်စီအလိုကျတာ၀န်ထမ်းဆောင် နေခြင်း၊ နုတ်ထွက်စာအယောင်ပြတင်၍ ဆက်လက်ရာထူးရယူခြင်းများအား လုပ်ဆောင်မည်ဆိုပါက PPDFနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ပြည်သူ့ဆန္ဒနှင့်အညီ ရှင်းလင်း‌ဖယ်ရှားသွားမည်ဖြစ်ကြောင်း
PDF-PKUက သတိပေးသည်။

ယင်းအပြင် ရဲတပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာ၀န်ထမ်းများအနေဖြင့်လည်း ပြည်သူ့ဘက်တော်သား CDM ၀န်ထမ်းများအဖြစ် ပြည်သူများနှင့်ပူးပေါင်းဆောင် ရွက်ကြရန်နှင့် ဆက်လက်တာ၀န်ထမ်းဆောင်မည်ဆိုပါက မိမိတို့အဖွဲ့မှ ပြည်သူ့ဆန္ဒသဘောထားအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်‌‌ကြောင်း သတိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုများအနေဖြင့်လည်းအရေးတော်ပုံအမြန်‌ဆုံးအောင်နိုင်ရေးအတွက် PDFအဖွဲ့၀င်များ၊ တော်လှန်ရေးအင်အားစုများအား တတ်စွမ်းရာကဏ္ဍမှ ဝိုင်း၀န်းပူးပေါင်းဆောင်ကြပါရန် အသိပေးသည်။

စက်တင်ဘာလ ၁၉ ရက်က ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၏ မြို့ပြမြေ အောက် တိုက်ခိုက်ရေးအဖွဲ့ဝင်များသည် ပခုက္ကူမြို့အတွင်း CDM ဝန်ထမ်းများနှင့် တော်လှန်ရေးတက်ကြွ လှုပ် ရှားသူများအားသတင်းပေးခြင်း၊ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား တွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်နေသော အမှတ် (၁၅) ရပ်ကွက်ရာအိမ်မှူး ဘဲဥ (ခေါ်) တင့်ဇော်ဝင်းသန့် အား သုတ်သင်ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။