Connect with us

Hi, what are you looking for?

News

ပြည်သူလူထုက ဆန့်ကျင်နေ၍နောက်နှစ်မကုန်မီ စစ်ကောင်စီကျရှုံးမည်ဟု ကရင်နီတပ်စစ်ဦးစီးချုပ်သုံးသပ်

“မင်းအောင်လှိုင်က ရွာသားများကို သတ်ပြီး နေအိမ်များကို မီးရှို့နေခြင်းကြောင့် အားလုံးက မဆန့်ကျင်ဘဲ မနေဘူး”ဟု လူငယ်အများအပြား လက်နက်ကိုင်တော်လှန် ရေးတွင်ပါဝင်လာမှုကို ဗိုလ်ချုပ်ဘီထူးက မှတ်ချက်ပြုသည်။

ပြည်သူလူထုအလွှာအလိုက် ဆန့်ကျင်နေ၍ နောက်နှစ်မကုန်မီ စစ်ကောင်စီကျရှုံးမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးက သုံးသပ်ပြောကြားသည်။

KA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးနှင့် ကယားပြည်နယ်အခြေစိုက် ကန္တာရ၀တီတိုင်း(မ်) သတင်းဌာန တွေ့ဆုံမေးမြန်းခန်း၌ စစ်ဦးစီးချုပ်က ၎င်း၏အမြင်သဘော ထားများကို ပြောကြားခဲ့သည်။

စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းလာမှုရှိသော်လည်း လက်ရှိအချိန်တွင် တွေ့ဆုံဆွေးနွေးရန် လမ်းကြောင်းမရှိတော့ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

“မင်းအောင်လှိုင်က ရွာသားများကို သတ်ပြီး နေအိမ်များကို မီးရှို့နေခြင်းကြောင့် အားလုံးက မဆန့်ကျင်ဘဲ မနေဘူး”ဟု လူငယ်အများအပြား လက်နက်ကိုင်တော်လှန် ရေးတွင်ပါဝင်လာမှုကို ဗိုလ်ချုပ်ဘီထူးက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဗိုလ်ချုပ်ဘီထူးက “ကျွန်တော်သုံးသပ်ထားတာက အခု ပြည်သူလူထုက အတန်းအစာ အလွှာလိုက် မင်းအောင်လှိုင်ကို ဆန့်ကျင်နေပြီ။ ဆိုတော့ ကျွန်တော်ထင်ပါတယ် နောက်နှစ် မကုန်ခင်မှာ သူကကျရှုံးမှာပဲလေ။ဘာကြောင့် လဲဆိုတော့ သူ့မှာကရဲဘော်အသစ်တွေက ကောက်လို့မရတော့ဘူးလေ။ ဘယ်သူမှ ထောက်ခံအားပေးတာမရှိတော့ဘူး”ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်မှ ရဲဘော်များအနေဖြင့်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်း ကျဆင်းသွားကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာလည်း အားနည်းသွားပြီဖြစ်ကြောင်း KA စစ်ဦးစီးချုပ်က ပြောသည်။

“ပြည်သူတွေကတော့ တထပ်တည်း ကျွန်တော်တို့နဲ့ ရှိတယ်။ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အခုလောလောဆယ်မှာ မင်းအောင်လှိုင်ကို အားပေးအားမြှောက်တဲ့အဖွဲ့အစည်းလေးတွေရှိတာပေါ့။ လက်နက် ကိုင် အဖွဲ့အစည်းတွေလေ။ ထားလိုက်တော့ ကျွန်တော်တို့ လုပ်နိုင်တဲ့ဟာ ကျွန်တော်တို့ လုပ်မယ် ။ ကျွန်တော်တို့နဲ့ တွဲမလုပ်နိုင်တဲ့သူတွေကတော့ ပြည်သူတွေရဲ့ဆုံးဖြတ်ချက်အပေါ်မှာ သူ့ဟာသူ ကျန်ရင်လည်း ကျန်မှာပေါ့နော်”ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

ဗိုလ်ချုပ်ဘီထူးဦးဆောင်သည့် KAသည် စစ်တပ်အာဏာသိမ်းပြီး မေလမှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ရာတွင် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့်အတူ ပူးပေါင်း ၍ စစ်ကောင်စီကို ခုခံခဲ့သည်။ ဗိုလ်ချုပ်ဘီထူးသည် KNDFကိုလည်း စစ်ရေးအရဦးဆောင်မှု ပေးနေသူ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။