Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူလူထုက ဆန့်ကျင်နေ၍နောက်နှစ်မကုန်မီ စစ်ကောင်စီကျရှုံးမည်ဟု ကရင်နီတပ်စစ်ဦးစီးချုပ်သုံးသပ်

“မင်းအောင်လှိုင်က ရွာသားများကို သတ်ပြီး နေအိမ်များကို မီးရှို့နေခြင်းကြောင့် အားလုံးက မဆန့်ကျင်ဘဲ မနေဘူး”ဟု လူငယ်အများအပြား လက်နက်ကိုင်တော်လှန် ရေးတွင်ပါဝင်လာမှုကို ဗိုလ်ချုပ်ဘီထူးက မှတ်ချက်ပြုသည်။

ပြည်သူလူထုအလွှာအလိုက် ဆန့်ကျင်နေ၍ နောက်နှစ်မကုန်မီ စစ်ကောင်စီကျရှုံးမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) လက်အောက်ခံတပ် ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးက သုံးသပ်ပြောကြားသည်။

KA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဘီထူးနှင့် ကယားပြည်နယ်အခြေစိုက် ကန္တာရ၀တီတိုင်း(မ်) သတင်းဌာန တွေ့ဆုံမေးမြန်းခန်း၌ စစ်ဦးစီးချုပ်က ၎င်း၏အမြင်သဘော ထားများကို ပြောကြားခဲ့သည်။

စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းလာမှုရှိသော်လည်း လက်ရှိအချိန်တွင် တွေ့ဆုံဆွေးနွေးရန် လမ်းကြောင်းမရှိတော့ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

“မင်းအောင်လှိုင်က ရွာသားများကို သတ်ပြီး နေအိမ်များကို မီးရှို့နေခြင်းကြောင့် အားလုံးက မဆန့်ကျင်ဘဲ မနေဘူး”ဟု လူငယ်အများအပြား လက်နက်ကိုင်တော်လှန် ရေးတွင်ပါဝင်လာမှုကို ဗိုလ်ချုပ်ဘီထူးက မှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဗိုလ်ချုပ်ဘီထူးက “ကျွန်တော်သုံးသပ်ထားတာက အခု ပြည်သူလူထုက အတန်းအစာ အလွှာလိုက် မင်းအောင်လှိုင်ကို ဆန့်ကျင်နေပြီ။ ဆိုတော့ ကျွန်တော်ထင်ပါတယ် နောက်နှစ် မကုန်ခင်မှာ သူကကျရှုံးမှာပဲလေ။ဘာကြောင့် လဲဆိုတော့ သူ့မှာကရဲဘော်အသစ်တွေက ကောက်လို့မရတော့ဘူးလေ။ ဘယ်သူမှ ထောက်ခံအားပေးတာမရှိတော့ဘူး”ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်မှ ရဲဘော်များအနေဖြင့်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်း ကျဆင်းသွားကြောင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာလည်း အားနည်းသွားပြီဖြစ်ကြောင်း KA စစ်ဦးစီးချုပ်က ပြောသည်။

“ပြည်သူတွေကတော့ တထပ်တည်း ကျွန်တော်တို့နဲ့ ရှိတယ်။ တချို့လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အခုလောလောဆယ်မှာ မင်းအောင်လှိုင်ကို အားပေးအားမြှောက်တဲ့အဖွဲ့အစည်းလေးတွေရှိတာပေါ့။ လက်နက် ကိုင် အဖွဲ့အစည်းတွေလေ။ ထားလိုက်တော့ ကျွန်တော်တို့ လုပ်နိုင်တဲ့ဟာ ကျွန်တော်တို့ လုပ်မယ် ။ ကျွန်တော်တို့နဲ့ တွဲမလုပ်နိုင်တဲ့သူတွေကတော့ ပြည်သူတွေရဲ့ဆုံးဖြတ်ချက်အပေါ်မှာ သူ့ဟာသူ ကျန်ရင်လည်း ကျန်မှာပေါ့နော်”ဟု ဗိုလ်ချုပ်ဘီထူးက ပြောသည်။

ဗိုလ်ချုပ်ဘီထူးဦးဆောင်သည့် KAသည် စစ်တပ်အာဏာသိမ်းပြီး မေလမှစ၍ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ရာတွင် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့်အတူ ပူးပေါင်း ၍ စစ်ကောင်စီကို ခုခံခဲ့သည်။ ဗိုလ်ချုပ်ဘီထူးသည် KNDFကိုလည်း စစ်ရေးအရဦးဆောင်မှု ပေးနေသူ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။