သတင်း ကရင်နီ(ကယား)ပြည်အတွင်း အစာအာဟာရ ပြတ်လပ်မှုကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအသက်အန္တရာယ်ဆုံးရှုံးမှုပိုများလာမည်ဟု သတိပေး လက်ရှိတွင် မိုးဗြဲ၊ဖယ်ခုံမြို့နယ်ရှိ စစ်ဘေး ရှောင်နေရသော ပြည်သူများအားထည့်သွင်း တွက်ချက်မှုအရ ကရင်နီ(ကယား)ပြည်နယ် တွင် စစ်ဘေးရှောင်ပြည်သူ ၂၁၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောကြားထားသည်။ LuduNwayOoမေ 30, 2022
သတင်း စစ်ဘေးရှောင်များအား ဖမ်းဆီးရန်လာသည့် စစ်ကောင်စီတပ်ကို ကန့်ဘလူနှင့် ခင်ဦးဒေသကာကွယ်ရေးတပ်တိုက်ခိုက် ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoမေ 30, 2022
သတင်း ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်သတ်ဖြတ်မှုနှင့် စစ်ဘေးရှောင်နေစဥ် ဆေးဝါးနှင့်စားနပ်ရိက္ခာမလုံလောက်၍ သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၂၆၃ ဦးထက်မနည်းရှိနေ လက်ရှိတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင် စစ်အင်အားတိုးချဲ့နေပြီး မကြာသေးမီရက်ပိုင်းကပင် ဖယ်ခုံမြို့ရှိ ပြည်သူ့နေအိမ်များကို ရွာလုံးကျွတ်မီးရှို့ ခဲ့သည်။ LuduNwayOoမေ 28, 2022
သတင်း ကလေးမြို့နယ်ရှိ ယာယီစစ်ရှောင်စခန်းသွားရာလမ်း စစ်ကောင်စီ ပိတ်ဆို့ထား၍ စစ်ဘေးရှောင်ပြည်သူလေးသောင်းကျော်အတွက် စားနပ်ရိက္ခာသယ်ယူရေး အခက်ကြုံနေ ကလေးမြို့နယ်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများအတွက် မိုးတွင်းကာလ စားနပ်ရိက္ခာအရေးသည် အလွန်ကြီးမားသည့် ပြဿနာဖြစ်လာနိုင်သည်ဟု ဒေသခံများက ပြောသည်။ LuduNwayOoမေ 27, 2022
News ဝှါရီဆူးပလိုင်ရွာမှ စစ်ဘေးရှောင်ပြည်သူများ ရိက္ခာပြန်ယူနိုင်ရန် လုံခြုံရေးယူပေးသည့် မိုးဗြဲ PDFနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် ရွာခံပြည်သူများသည် စစ်ဘေးရှောင်နေရသည့်ကာလ ကြာလာသည်နှင့်အမျှ အစားအသောက်များခက်ခဲလာသောကြောင့် ၎င်းတို့၏ နေအိမ်များသို့ စားနပ်ရိက္ခာများပြန်ယူလိုကြောင်း အကူ အညီတောင်းခံလာသည့်အတွက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မှ ပြည်သူများ၏ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 23, 2022
News KNU ထိန်းချုပ်နယ်မြေအတွင်းက စစ်ဘေးရှောင်အမျိုးသမီးတွေ ပေါ်တာအန္တရာယ်ပါ ရှိနေ စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် ဒေသတွင်းမှာရှိတဲ့ ကေအဲန်ယူကျန်းမာရေးနဲ့ နယ်လှည့်ကျောပိုးအိတ်အဖွဲ့က ဆေးဝါးကုသမှုတွေ လိုက်လံပြီးလုပ်ဆောင်ပေးနေတယ်လို့ KWO က ဆိုပါတယ်။ LuduNwayOoမေ 16, 2022
News မိုးတွေရွာနေလို့ စစ်ဘေးရှောင်တွေ ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရ လက်ရှိကာလမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆန်၊ အမိုးအကာနဲ့ ဆေးဝါးစတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့လည်း KHRG က ဆိုထားပါသေးတယ်။ LuduNwayOoမေ 12, 2022
News ဘုတလင်နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာပြီးနောက် စစ်ဘေးရှောင်ပြည်သူ ကိုးဦးအားသတ်ဖြတ်သွား သတ်ဖြတ်ခံရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်လာမှုကြောင့် အုတ်ဖိုရွာနှင့် တစ်မိုင်အကွာရှိ ယောဂီကျောင်းဆောင်၌ ခိုလှုံနေစဥ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမေ 3, 2022
News ယောဒေသရှိ စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော် စားနပ်ရိက္ခာအခက်ကြုံ နေ ယောဒေသတွင် စစ်ကောင်စီက စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့များနှင့် တိုက်ပွဲများ နေ့စဥ်ဖြစ်နေသည်။ LuduNwayOoဧပြီ 22, 2022
News သာစည်လေးရွာပြည်သူများ စစ်ဘေးရှောင်နေရချိန် ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရ၍ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျ ကျေးရွာမြောက်ပိုင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပြာကျကာ မီးအားပြင်းလွန်း၍ မည်သူမှ အနားမကပ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဧပြီ 14, 2022