Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်တွင် စစ်ဘေးရှောင်များ နေရပ်ပြန်ပါက မိုင်းအန္တရာယ်သတိထားရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများ၏အိမ်နှင့် စစ်ဘေးရှောင်များနေထိုင်သည့် ဘာသာရေးအဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများပြုလုပ်လာသည်ဟု ကိုနွေဦးက ပြောသည်။

အောက်တိုဘာ ၅ရက်က ရှင်းလင်းခဲ့သည့် မြေမြုပ်မိုင်း၊ဓာတ်ပုံ - Ko Nway Oo
အောက်တိုဘာ ၅ရက်က ရှင်းလင်းခဲ့သည့် မြေမြုပ်မိုင်း၊ဓာတ်ပုံ - Ko Nway Oo

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားနေအိမ်အတွင်း ထောင်ထားခဲ့သည့် မိုင်းကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီးနောက် စစ်ဘေးရှောင်များ နေရပ်ပြန်ပါက မိုင်းအန္တရာယ် အထူးသတိထားရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

မြောင်မြို့နယ် မင်းလှကျေးရွာမှ ဒေါ်တင်စန်း၏ နေအိမ် မီးဖိုခန်းတွင် ယနေ့ (အောက်တိုဘာ ၆ရက်) နံနက်အစောပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ခဲ့သည်။ စစ်ကောင်စီတပ် ထောင်ထားသည့် ​မြေမြုပ်မိုင်းပေါက်ကွဲခြင်းဖြစ်ပြီး အသက် ၆၀အရွယ် ဒေါ်တင်စန်းသေဆုံးခဲ့ရကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMက ထုတ်ပြန်သည်။

အဆိုပါမြေမြုပ်မိုင်းသည် ပြီးခဲ့သည့် သြဂုတ် ၄ရက်က မင်းလှကျေးရွာသို့ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်က ဒေါ်တင်စန်း၏ နေအိမ်မီးဖိုးခန်းတွင် ထောင်ထားခဲ့ခြင်းဟု CDSOMမှ ကိုနွေဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများ၏အိမ်နှင့် စစ်ဘေးရှောင်များနေထိုင်သည့် ဘာသာရေးအဆောက်အအုံ နေရာများကိုပါ မိုင်းထောင်ခြင်းများပြုလုပ်လာသည်ဟု ကိုနွေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် မြောင်နယ်မှ ဒေသခံ ပြည်သူများအနေဖြင့် စစ်ကောင်စီ စစ်ကြောင်းပြန်ထွက်သွားပြီးနောက် နေရပ်သို့ ပြန်ပါက မသင်္ကာသည့်နေရာများအား နီးစပ်ရာကာကွယ်ရေးအဖွဲ့များထံဆက်သွယ် စစ်ဆေးခိုင်းပြီးမှ ဝင်၊ထွက်သွားလာကြရန် CDSOMက တိုက်တွန်းထားသည်။

အောက်တိုဘာ ၅ရက်ကလည်း မြောင်မြို့နယ်အတွင်း စစ်ဘေးရှောင်များ ယာယီခိုလှုံလေ့ရှိသော ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြုပ်မိုင်း သုံးလုံးတွေ့ရှိ၍ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ရှင်းလင်းခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။